“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆုရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို “သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။”သဘင်သည် မြနှင်းဆီ” ဇာတ်ကားသည် နှစ်ပေါင်းများစွာမကျွတ်မလွတ်ဘဲရှိနေသည့်အငြိမ့်မင်းသမီးဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ်ဘိလိပ်ပြန်ပညာတတ်သူဌေးသမီးမြစမ်းကြည်ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။”သဘင်သည်မြနှင်းဆီ” ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်းကိုဆက်၊ ဇာတ်ညွှန်းအင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌ ရိုးရာအကနှင့် ထိတ်လန့်ချောက်ချားဖွယ်ကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးကာရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ဆန်းသစ်ဖန်တီးထားခြင်း ဖြစ်သည်။

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားတွင် သရုပ်ဆောင် လင်းမြတ် ၊ မေမီကိုကို ၊ ဒေါ်စန်းစန်းဝင်း ၊ စင်ဒီမြတ် ၊ ဟင်နရီစံ ၊ မင်းအာကာ ၊ ဂူဂူး အစရှိသည့် သရုပ်ဆောင်များပါဝင်ပြီး ဒါရိုက်တာ မင်းဆက်သစ်က ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တေးရေးဆရာ ကဗျာဆရာနိုင်မြန်မာရဲ့ နောက်ဆုံးခရီး မြင်ကွင်း
Next post ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ဖွင့်ပွဲအခမ်းနားကို နစက ဥက္ကဋ္ဌ ကိုယ်တိုင်ဖွင့်လှစ်ပေး