
တေးရေးဆရာ ကဗျာဆရာနိုင်မြန်မာရဲ့ နောက်ဆုံးခရီး မြင်ကွင်း
ကမ္ဘာမကြေဘူး သီချင်းရဲ့ တေးရေးဆရာ ကဗျာဆရာ နိုင်မြန်မာကို ယနေ့ ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်အရိုးဂူသွင်းခဲ့ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၈ နာရီက အသက် ၆၈ နှစ်အရွယ်နဲ့ ရန်ကုန်မြို့ သန်လျင်မြို့နယ် နေအိမ်မှာ နှလုံးအမောဖောက်ပြီ ကွယ်လွန်သွားခဲ့တာပါ။
တေးရေးဆရာ ကဗျာဆရာ ဦးနိုင်ဦးမြင့်(ခ)တေးရေးနိုင်မြန်မာရဲ့ ရုပ်ကလာပ်ကို ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်အရိုးဂူသွင်းခြင်းကိုတော့ နာရေးကူညီမှုအသင်း (ရန်ကုန်)က နာယကကြီးဒေါ်သန်းမြင့်အောင်နဲ့ သရုပ်ဆောင်ထွန်းကိုကို စတဲ့ အသင်းသူ/သားတွေက ပါဝင် ကူညီခဲ့ကြပါတယ်။





သူ့ဟာ အဆိုတော် ဗျူဟာ၊ ရာဇဝင်၊ နေမဝင်၊ ရှင်နိုင်းမြန်မာ၊ မင်းအေးမြန်မာတိုရဲ့ ဖခင်လည်းဖြစ်ပြီး အမည်ရင်းက ဦးနိုင်ဦးမြင့်ဖြစ်ပါတယ်။ နိုင်မြန်မာရဲ့ နောက်ဆုံးခရီးကိုတော့ ကျန်ရစ်သူမိသားစုတွေနဲ့ ပရိသတ်တွေက လိုက်လံ ပို့ဆောင်ပေးခဲ့ကြပါတယ်။