ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု လျော့နည်းမှုအပေါ် နားလည် ခွင့်လွှတ်ပေးရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပန်ကြား
လက်ရှိတွင် ဖြစ်ပေါ်နေသော ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဇန်နဝါရီ (၆)ရက်က အသိပေးပန်ကြားထားသည်။
ပန်ကြားချက်၌ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရကာသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည် လျော့နည်းနေကြောင်းဆိုသည်။ ထို့ပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် အတွက် အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံကို ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွ က်နေရခြင်းကြောင့်လည်း ဓာတ်အားထုတ်လုပ်မှုများ လျော့ နည်းနေရကြောင်း ပန်ကြားချက်တွင် ပြောသည်။
ထို့ကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်းလည်း ဆိုသည်။လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါ ရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို (၄၈) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို (၁၇) ရာခိုင်နှုန်း နှင့် ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ်များကို (၃၅) ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲဝေပေးနေကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
အချိုးကျ ဓာတ်အားခွဲဝေပေးမှုအရ ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စု (၃) စုခွဲပြီး တစ်အုပ်စုလျှင် (၄) နာရီပေး (၈) နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊မန္တလေးတိုင်း ဒေသကြီးတွင် အုပ်စု (၄) စုခွဲပြီး (၃) နာရီပေး (၉) နာရီပိတ်အလှည့်ကျ ဖြင့်အုပ်စု (၄) စုခွဲပြီး (၄) နာရီပေး (၁၂) နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် အများပြည်သူများအတွက် တစ်ရက်ပျမ်းမျှ (၁၆) နာရီပေး (၈) နာရီပိတ်၊ ဝန်ထမ်းအိမ်ရာများကို (၁၈) နာရီပေး (၄)နာရီပိတ် အစီအစဉ်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များကို အုပ်စုများခွဲကာ တစ်အုပ်စုလျှင် (၆) နာရီအလှည့်ကျ အစီအစဉ်ဖြင့် ဓာတ် အားဖြန့်ဖြူးပေးနေကြောင်းလည်း သိရသည်။
ဓာတ်အားပို့လွှတ်နေသည့် ဓာတ်အားလိုင်းတိုင်ပေါင်း (၁၇၁) တိုင်၊ ဓာတ်အားလိုင်း ကြိုးနေရာ (၁၃၁)နေရာကို အကြိမ် ကြိမ်ဖျက်ဆီးခံရခြင်းမျိုးရှိသည့်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်အကြိမ်ကြိမ် သွားရောက်ပြီး ပြုပြင်သည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကာ ပြုပြင်သည့် လုပ်ငန်းများဆောင်ရွက်စဉ်၌လည်း Drop Bomb များဖြင့် တိုက်ခိုက် ခံရသောကြောင့် မိုင်းထိမှန်တာ (၄၉) ဦး၊ ဒဏ်ရာရသူ (၇၅) ဦးနှင့် ေ-သဆုံးသူ အယောက် (၃၀) ရှိခဲ့ကာ တာဝါတိုင် နှင့် ကွန်ကရစ်တိုင်ပေါင်း (၁၇၁) တိုင် ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
သို့ပေမယ့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့်ပြည်သူများ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြ ည့် ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်သည့် လုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဆိုသ ည်။
ထို့အပြင် ဓာတ်အားထုတ်လုပ်မှုလျော့နည်းရရှိမှုကိုပြန်လ ည်ဖြည့်ဆည်းပေးနိုင်ရန် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည့်ဓာတ်အားပေးစက်ရုံများကို အမြန်ပြင်ဆင်ပြီးစီးရေး ဆောင်ရွက်နေကာ ကာလတို ဖြေရှင်းနိုင်ရန် LNG ဓာတ် အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ ကြောင့် နိုင်ငံ၏ အရင်းအမြစ်များဖြစ်သည့် ရေ၊ နေ၊ လေ တို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ထားသည်။