(၇-၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၇-၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ဂျိုးဖြူပိုက်လိုင်း ပြင်မည် ဖြစ်သောကြောင့် ယာယီရေပြတ်မည်
၂။ ပြည်တွင်းထုတ်ဓာတ်ဆီဖြစ်တဲ့ RON-68 တွေကို စွမ်းအင်ဝန်ကြီးဌာနပိုင် ဆီဆိုင်အချိုမှာ စတင်ရောင်းချ ပေးနေပြီ
၃။ သီလဝါအိမ်ရာရှိ လက်ကျန်အခန်း ၈၈ ခန်းအား အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့် ယခုဇန်နဝါရီလအတွင်း ရောင်းချပေးမည်
၄။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်တယ်လို စင်ကာပူရှိ မြန်မာသံရုံးထုတ်ပြန်
၅။ တိုက်ပွဲတွေကြောင့် ပိတ်ထားတဲ့ ဇလုံတောင် ဘုရားဖူး တောင်တက်ကားလိုင်းတွေ ဒီကနေ့ ပြန်လည်ခွင့်ပြုပြီဟုဆို
၆။ မရမ်းကုန်းမြိုနယ်တွင် တပ်မတော်အရာရှိတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် Together Urban Force အဖွဲဝင် ခုနှစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရ
၇။ မင်းလှနှင့် စစ်ကိုင်းတိုတွင် အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံး
၈။ ဇန်နဝါရီလ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၈၅ ကျပ်၊ Octane 95 – ၃၀၉၅ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၂၂၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ကာ့စ်ခ်ဒေသမှာ တန်ပြန်ထိုးစစ်တစ်ရပ် ယူကရိန်းဆင်နွှ
၂။ တူရကီထောက်ပံ့ထားတဲ့အဖွဲနဲ့ အမေရိကန်ထောက်ပံ့ထားတဲ့ SDF အဖွဲကြား တိုက်ပွဲတွေဖြစ်ပွားရာ ၁၀၀ ကျော်သေဆုံး
၃။ မက္ကဆီကိုနိုင်ငံရှိ အရက်ဆိုင်တစ်ဆိုင်တွင် ပစ်ခတ်မှုကြောင့် လူခုနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
၄။ ဂျော့ဂျ်ဆိုရော့စ်အား အမေရိကန်သမ္မတမှလွတ်လပ်ရေးဆုတံဆိပ်ချီးမြှင့်ခြင်းသည် ပျက်ရယ်ပြုဖွယ်လုပ်ရပ်ဟု အီလွန်မက်စ်ဝေဖန်
၅။ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက နိုင်ငံအတွင်း ဟော့ဒေါ့စားသုံးမှု ပိတ်ပင်
၆။ ရာထူးမှ ဆိုင်းငံ့ခံထားရသော တောင်ကိုရီးယားသမ္မတအား ဖမ်းဆီးခံရန်ကြိုးပမ်းမှု အောင်မြင်မှုမရှိခဲ့ဟုဆို
အားကစားသတင်းများ
၁။ ခရီးရှည် မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပပြီးစီး
၂။ ဘိုင်ဒန်ပေးတဲ့ အမေရိကန် အရပ်သား အမြင့်ဆုံးဆုကို ဘောလုံးသမား မက်ဆီတက်မယူခဲ့
၃။ စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကျင်းပပြီးစီး
၄။ ဘရာဇီးမှ ဘောလုံးပွဲကြိုက်သည့် သီလရှင် ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာ
၅။ ထိုင်း-ဗီယက်နမ် ဗိုလ်လုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ်တိုက်စစ်မှူး လနှင့်ချီ ကုသမှုခံယူရမည်
အနုပညာသတင်းများ
၁။ ရိုမန့် အိမ်ထောင်ရေးဇာတ်လမ်းပုံစံ “ညှိ” ဇာတ်လမ်းတွဲ Press Conference Show အခမ်းအနား ကျင်းပ
၂။ တရုတ်သရုပ်ဆောင် ထိုင်း−မြန်မာနယ်စပ်အနီး ပျောက်ဆုံးနေ
၃။ The Brutalist နှင့် Emilia Perez ရုပ်ရှင် ရွှေကမ္ဘာလုံးထိပ်တန်းဆုများ သိမ်းပိုက်