ပုဂံတွင် ရှေးဟောင်းစေတီတော် တစ်ဆူ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေတိုက်စားကာပြိုကျ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စက်တင်ဘာ ၁၂ ရက်၊ နံနက် ၈ နာရီက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေတိုက်စား ကာ ဘုရားစေတီတော်တစ်ဆူ ပြိုကျပျက်စီးခဲ့ကြောင်း ညောင်ဦးဒေသခံများထံက စုံစမ်းသိရှိရသည်။

ပုဂံမြို့သစ် ရွှေလောင်းရပ်ကွက်ရှိ ဘုရားအမှတ်(၁၀၄၂) “ဆင်က” ဘုရားစေတီတော်သည် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် စေတီတော်အတွင်း မိုးရေစိမ့်၀င်ပြီး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ” ’ဆင်က’ ဘုရားစေတီတော်ထဲကို မိုးရေစိမ့်ဝင်ပြီး စေတီတစ်ဆူ ပြိုကျပျက်စီးတာ မှန်ပါတယ်။ လောလောဆယ် ပြုပြင်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးနေပါတယ်။” ဟု ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ပုဂံသည် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့် ကမ္ဘာလှည့်ခရီးသည် အများအစု လာရောက် လည်ပတ်သည့် ခရီးသွားဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတ၀န်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယမြောက် လက်ထပ်ခွင့် ရုပ်ရှင်ဇာတ်လမ်းတွဲ ကန်တော့ပွဲ​ပေး အခမ်းအနားကျင်းပ
Next post ရေဘေးသင့်နေရာတွေ ကူညီဖို့ လှူဒါန်းသွားမယ့်အလှမယ် အိအိအောင်ထွန်း