ဒုတိယမြောက် လက်ထပ်ခွင့် ရုပ်ရှင်ဇာတ်လမ်းတွဲ ကန်တော့ပွဲ​ပေး အခမ်းအနားကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားတွင် စက်တင်ဘာ ၁၂ ရက်၊ နံနက် ၉ နာရီက ဒုတိယ​မြောက် လက်ထပ်ခွင့် ရုပ်ရှင်ဇာတ်လမ်းတွဲ ကန်​တော့ပွဲကို ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတွဲကို ဒါရိုက်တာကျော်နှင်းဆီ ရိုက်ကူးတင်ဆက်သွားမည်ဖြစ်​ကြောင်း သိရသည်။ ဒုတိယမြောက် လက်ထပ်ခွင့် ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် ထက်အောင်ရှိုင်း၊ အကယ်ဒမီ ရဲအောင်၊ ဟင်နရီ၊ ရွှေသမီး၊ သွန်းဆက်၊ လင်းဇာနည်ဇော်၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ချိုမဒီသွင်နှင့် အနုပညာရှင်များစွာက ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဝတ္ထု၊ ဇာတ်ညွှန်း ဟေဇယ်က ရေးသားထားပြီး အပိုင်း ၂၅ ပိုင်းစာကို ရန်ကုန်မြိုနဲ့ စင်ကာပူအထိ သွားရောက်ကာ လာမယ့် စက်တင်ဘာနောက်ဆုံးအပတ် စတင်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ ယနေ့ အခမ်းအနားကို အနုပညာရှင်များ၊အတတ်ပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ပုဂံတွင် ရှေးဟောင်းစေတီတော် တစ်ဆူ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေတိုက်စားကာပြိုကျ