ရေဘေးသင့်နေရာတွေ ကူညီဖို့ လှူဒါန်းသွားမယ့်အလှမယ် အိအိအောင်ထွန်း

မီးမီးအိအိအောင်ထွန်း(MissGrandMyanmar2022) ၊ MeeMeeMyanmarFamilyGroupမှဖန်ဖန်များ နှင့် ကျောက်စိမ်း ရတနာကုန်သည်များစုပေါင်း၍ရေဘေးသင့်ဒေသများအတွက်အရေးပေါ်လိုအပ်နေသော အသက်ကယ်လှေတစ်စီးစာ (နှစ်ဆယ့်ခုနှစ်သိန်းကျပ်) ရေဘေးသင့်ဒေသများအတွက် အစားအသောက်ဆေးဝါးရိက္ခာ (တစ်ဆယ့်နှစ်သိန်းခွဲကျပ်) စုစုပေါင်းအလှူငွေ သုံးဆယ့်ကိုးသိန်းခွဲကျပ် 3950000ကျပ် လှူဒါန်းထားကြောင်း သိရပါသည်။

“သမီး မြန်မာပြည်ရောက်လာတော့ မိုးတွေလည်း တအားရွာတယ်။ သတင်းတွေလည်း ကြားရတယ်။ စိတ်မကောင်း တော်တော်လေးကို ဖြစ်ရပါတယ်။ သမီးက Mee Mee Myanmar Family နဲ့ စုပေါင်းပြီးတော့ အလှူလုပ်ဖို့ရှိပါတယ်။ ပါဝင်လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ရေကြီးတော့ တော်တော်စိတ်မကောင်းဖြစ်တယ်။ ‌သမီးနေတဲ့ ချင်းမိုင်ဘက်လည်း ရေတွေကြီးနေတယ်။ အ ရမ်း စိတ်မကောင်းဖြစ်ပါတယ်။ သမီးသူငယ်ချင်းတွေလည်းရှိတယ်။ တစ်ခါမှ မကြုံဘူးတာတွေ ကြုံရတယ်။ တချို့နေရာတွေဆိုရင် အရမ်းဆိုးဆိုးဝါးဝါးဖြစ်နေတာကို မြင်ရတယ်။ သမီးအနေနဲ့ တတ်နိုင်တဲ့ဘက်က လှူဒါန်းသွားပါမယ်”လို့ အလှမယ် အိအိအောင်ထွန်းက ပြောပါတယ်။

“မီးမီးရဲ့ Fan Fan လေးတွေ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ရေဘေးကြောင့် ဒုက္ခရောက်နေကြရတဲ့ အများပြည်သူများ လည်း အမြန်ဆုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ရှင်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပုဂံတွင် ရှေးဟောင်းစေတီတော် တစ်ဆူ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေတိုက်စားကာပြိုကျ
Next post ရေဘေးသင့်ပြည်သူများကို ကူညီရန် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ် ကျပ်သိန်း (၄၀၀)အထိ ရရှိနေ