
ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက်ပိုင်းနှင့် ဧပြီ ၂၈ ရက်ညပိုင်းတို့က လေတိုက်ပြီးမိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၆ နာရီခွဲခန့်က သစ်ပင်လဲကျကာလမ်းပိတ်နေသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၈ ရက်ည ၉ နာရီ ၂၀ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ မြို့ပတ်လမ်းတွင်သစ်ပင်လဲကျပြီး လမ်း ပိတ်နေသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
More Stories
ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ၊မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင်...
တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ
တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက်...
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က အမာခံအနေဖြင့် ဆောင်ရွက်ပေးမည်
ယခု ၂၀၂၅ ခုနှစ်အကုန် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေသနှင့် နိုင်ငံအကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန်လိုအပ်ပြီး တပ်မတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ...
ဧရာဝတီ သေမင်းတမန် ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ထန်းတပင် X-Ray စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိ
မေလ ပထမပတ်အတွင်းက ဧရာဝတီတိုင်း ငွေဆောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်ကို ထန်းတပင်မြို့ X-Ray စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲ့က စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားခံပြေး ဧရာဝတီ သေမင်းတမန်အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဧရာဝတီ သေမင်းတမန်...
အခြေခံပညာကျောင်းများတွင် ယနေ့ စတင် ကျောင်းအပ်လက်ခံ
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများကို ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိသတ်မှတ်ထားပြီး ကျောင်းအပ်နှံရာတွင်လည်း မည်သည့် အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့်ကျောင်းသား၊ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ဘောပင်၊ခဲတံ၊ကျောင်းဝတ်စုံများကိုလည်း...
နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း
နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ ” ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ...