ကျောက်ဆည်တွင် မီးစက်နှိုးထားရာမှ အပူလွန်ကဲပြီး မီးလောင် နေအိမ် ၄ လုံးဆုံးရှုံး

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ထနောင်ပင်လှကျေးရွာတွင် ယမန်နေ့ သြဂုတ် ၃၀ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၄ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုသည် ထနောင်ပင်လှကျေးရွာမှ အိမ်ရှင်ဦးအောင်ကျော်ဦး၏ နှစ်ထပ်အိမ်တွင် မီးစက်နှိုးထားရာ မှ Safeguard အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တော်တော်မီးငြှမ်းသတ်ခဲ့ရတာ။ အချိန်မီမီးထိန်းနိုင်လို့ပေါ့။ အခုတော့ အိမ် ၄ လုံးအထိပါသွားတာ။ လူထိခိုက် သေဆုံးတာ မရှိပါဘူး။” ဟု မီးငြိမ်းသတ်ရာတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ပြောသည်။ မီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ နှစ်ထပ်အိမ်တစ်လုံး၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း၊ နှစ်ထပ်အိမ်တစ်လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံးတို့ကို မီးကူးစက်လောင်ကျွမ်းခဲ့သည်။ မီး လောင်မှုကြောင့် စုစုပေါင်းနေအိမ်လေးလုံး မီးလောင် ဆုံးရှုံး ခဲ့သည်ဟု သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဦးအောင်ကျော်ဦးကို မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် ကျောက်ဆည်မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ဇနီးဖြစ်သူနဲ့ ကွာရှင်းလိုက်တဲ့ Anonimous
Next post သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး နစက ဥက္ကဋ္ဌက မနက်ဖြန် နံနက် ၈ နာရီတွင် မိန့်ခွန်းပြောကြားမည်