စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ဇနီးဖြစ်သူနဲ့ ကွာရှင်းလိုက်တဲ့ Anonimous

အောင်သွယ်တော် လမင်းကြီး သီချင်းကြောင့် ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ တေးသံရှင် Anonimus@မောင်သီဟထွန်းကတော့ ချစ်သူကောင်မလေး မထက်အဥ္ဇလီနဲ့ ၂၀၂၄ ခုနှစ် မေလ ၁ ရက်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှာမှ အိမ်ထောင်သက် ၄ လပြည့်မှာဖြစ်ပေမဲ့ အခုတော့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီလို့ အသိပေးလာပါတယ်။

“အသိပေးစရာလေး ရှိလို့ပါခင်ဗျာ။ ကျွန်တော်တို့နှစ်ဦးသည် စိတ်သဘောထားမတိုက်ဆိုင်ပါသဖြင့် နှစ်ဦးသဘောတူ ကွဲရှင်းပြတ်စဲပြီးဖြစ်ကြောင်းကို ကျွန်တော်ချစ်ခင်လေးစားရတဲ့ ပရိသတ်တွေအားလုံးကို အသိပေးအကြောင်း ကြားအပ် ပါတယ်။ ကျွန်တော် လူငယ်တစ်ယောက်အနေနဲ့ မသိနားမလည်လို့ ရိုးသားစွာမှားယွင်းခဲ့တယ်။ အမှားတွေအပေါ်မှာလည်း ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့ အမာခံပရိသတ်တွေအားလုံးက ခွင့်လွှတ်နားလည်ပေးနိုင်ကြလိမ့်မယ်လို့ကျွန်တော် အများကြီးမျှော်လင့်ပါတယ်ဗျာ” အဆိုတော် Anonimous က အသိပေးလာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ် ရောင်းပေးထားသော်လည်း ဆီဈေးနှုန်း ထပ်မံ မြင့်တက် လာသည့်အပြင် တန်းစီဝယ်ယူရမှုများပါ ထပ်မံ ဖြစ်ပေါ်
Next post ကျောက်ဆည်တွင် မီးစက်နှိုးထားရာမှ အပူလွန်ကဲပြီး မီးလောင် နေအိမ် ၄ လုံးဆုံးရှုံး