Snow White ဇာတ်ကားရိုက်ကူး တစ်လကြာ ပြင်ဆင်ခဲ့ရတဲ့ ဂယ်ဂဒေါ့

အသက် 38 နှစ်အရွယ် မင်းသမီးသည် ဒစ္စနေး၏ ဂန္တဝင်ကာတွန်းရုပ်ရှင် ‘Snow White and the Seven Dwarfs’ ကို ပြန်လည်ပုံဖော်ခြင်းတွင် ဒစ္စနေး၏ ထင်ရှားကျော်ကြားသော မင်းသမီးအဖြစ် Rachel Zegler နှင့် ဆန့်ကျင်ဘက် Evil Queen အဖြစ် သရုပ်ဆောင်ထားပြီး ၎င်းသည် ပထမဆုံးအကြိမ် ပါဝင်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။ သူမရဲ့ ဂီတစွမ်းရည်ကို သက်သေပြဖို့ လိုအပ်တာကြောင့် အချိန်ကာလအပိုင်းတစ်ခု ကြိုးစားခဲ့ရပါတယ်။

ဂယ်ဂဒေါ့က ဒီအကြောင်းကို အင်တာဗျူးတစ်ခုမှာ ထုတ်ပြောပြခဲ့တာပါ။ ဒီဇာတ်ရုပ်အတွက် Audition ဝင်ရတာ ပထမဆုံးအကြိမ်ပါပဲ။ ဂီတပါဝင်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် သီချင်းဆိုနိုင်ဖို့ လိုပါတယ်။ ဒါ‌ကြောင့် တစ်လလောက် သီချင်းဆိုကျင့်ရတယ်။ ပြီးမှ Audition ဝင်ခဲ့တယ်။ သီချင်းလည်း ရိုက်ခဲ့တယ်။ ဒါက အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ သူ ရိုက်ခဲ့ဖူးသမျှနဲ့ အရမ်းကွာခြားပြီး သူ့ဇာတ်ကောင်ရဲ့ကောက်ကျစ်မှုကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးချင်တယ်လို့လည်း ပြောပါတယ်။

Ref: https://www.crowrivermedia.com/national/entertainment/gal-gadot-spent-a-month-preparing-snow-white-audition/article_2ad408f3-890a-5568-abaf-592ad65814ae.html

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အချစ်ရေး ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဖြေကြားလာသူ စိုးပြည့်သဇင်
Next post ကိုယ်တွဲရိုက်သည့် မင်းသမီးထဲမှာ ရတနာဗိုလ်ကို ရင်အခုန်ဆုံးဟု ပြောလာသူ ရှိန်းတင်ထူး