ကိုယ်တွဲရိုက်သည့် မင်းသမီးထဲမှာ ရတနာဗိုလ်ကို ရင်အခုန်ဆုံးဟု ပြောလာသူ ရှိန်းတင်ထူး

သရုပ်ဆောင် ရှိန်းတင်ထူး သည် သရုပ်ဆောင် ဖွေး‌ဖွေး၊  လွင်မိုး ၊ ထွန်းအိန္ဒြာဗိုလ် တို့ပါဝင် ရိုက်ကူးထားသော သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးနှင့်အတူ ပရိသတ်တွေ လူသိများလာပြီး နောက် စီးရီးဇာတ်လမ်းတွဲကို ရိုက်ကူးလာသော သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ရိုက်ခဲ့ဘူးသော ဇာတ်လမ်းထဲမှာမှ အိမ်မက်ငိုသော(Crying Forest) ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် အောင်မင်းခန့်၊ သျှမ်းမြတ်၊ ရတနာဗိုလ်၊ နော်ဖောအယ်ထားတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

အခုအခါမှာလည်း သရုပ်ဆောင် ရှိန်းတင်ထူး နှင့် သရုပ်ဆောင် ရတနာဗိုလ် တို့၏ လျှို့ဝှက်ဓာတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့လာပြီးနောက် ပရိသတ်များက သူတို့နှစ်ဦး ချစ်သူများ ဖြစ်နေကြပြီလား ဟု ဆိုသော မေးခွန်းများလည်း ရှိလာပါတယ်။

သူတို့နှစ်ဦးရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံတင်ခဲ့ရာ ပရိသတ်တွေက အချိန်နှ၍့် နေရာကိုကြည့်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရိပ်မိလဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူတို့နှစ်ဦးရဲ့ နှစ်ယောက်တည်းသိတဲ့ ဓာတ်ပုံအချို့ ပျံ့နှံလာခဲ့တာကြောင့် အဆိုပါ ဓာတ်ပုံတွေက သူတို့ဆက်ဆံရေးသလို အတည်ပြုပြီး အိမ်မက်ငိုသော ကားရိုက်ကူးပြီးစဉ်တည်းက ချစ်သူတွေ ဖြစ်နေကြတာလို့ ပရိသတ်တွေ ထင်မြင်ယူဆချက်ပေးနေကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Snow White ဇာတ်ကားရိုက်ကူး တစ်လကြာ ပြင်ဆင်ခဲ့ရတဲ့ ဂယ်ဂဒေါ့
Next post လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံလိုက်ရတဲ့ Dj Soda