အချစ်ရေး ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဖြေကြားလာသူ စိုးပြည့်သဇင်
မင်္ဂလာပါ DBN ပရိသတ်ကြီးရေ…မကြာသေးခင်က အကယ်ဒမီ ပူပူနွေးနွေး ရရှိထားတဲ့ မင်းသမီး စိုးပြည့်သဇင်ဟာ တစ်ဦးတည်းသော သမီးဖြစ်သလို ရုပ်ရှင်လောကထဲဝင်ရောက်လာတာဆိုရင် (၁၈)နှစ်ကျော် ရှိပြီး ပရိသတ်အားပေးမှုကို ခိုင်မာစွာရရှိထားသူလည်း ဖြစ်ပါတယ်။
အခုဆိုရင် ပရိသတ်တွေ စိတ်ဝင်စားတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေကို အခုလို ဖြေကြားလာပါတယ်….
“ ပရိသတ်ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်ရဲ့ အချစ်ရေးမှ မဟုတ်ဘူး ဘယ်အရေးမဆို စိတ်ဝင်စားတာပဲလေ စိုးပြည့်လည်း အသက်အရွယ်တစ်ခုရလာတော့ စိတ်ဝင်စားတာ မဆန်းပါဘူး ၊ အခုလည်း တစ်ယောက်တည်းဆိုပေမယ့် အထီးမကျန်ပါဘူး” ဟု ဖြေကြားလာပါတယ်။
စိုးပြည့်ဟာ အနုပညာ လတ်တလောလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အခုလိုဖြေကြားလာပါတယ်… “အနုပညာအလုပ်လုပ်ရတာပျော်ပါတယ်…အနုပညာသမားဆိုပေမယ့် အနုပညာ အလုပ်တခုတည်းနဲ့ အဆင်မပြေဘူး …အဆင်မပြေဘူးဆိုတာ တခြားကြောင့် ပြောတာ မဟုတ်ပါဘူး… အနုပညာလုပ်ငန်းဆိုတာက အမြဲတမ်းကြီး မရှိဘူးလေ အသက်အရွယ် အပိုင်းအခြား ရှိတယ်ဆိုတော့ ကိုယ်တွေက အလုပ်လုပ်တဲ့ အချိန်မှာ လိမ်လိမ်မာမာနေရမယ်၊ စုစုဆောင်းဆောင်းလေး နေရမယ်၊ ကိုယ်နောက်ထပ် အသက်ကြီးသွားတဲ့အခါ ရေရှည်အမြဲတမ်းလုပ်ဖို့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဒီအရွယ်လောက်မှာစပြီးတော့ ခြေလှမ်းတစ်ခုသော်လည်းကောင်း၊ အစလေးသော်လည်းကောင်း လုပ်သင့်တဲ့ အချိန်လေးတစ်ခုလို့ မြင်လို့ ကိုယ်လဲ ဝါသနာပါမည့် သမာအာစီဝလည်းကျမည့် လုပ်ငန်းလေးတွေကို စပြီး နည်းနည်းချင်းစီ အကောင်အထည်ဖော်နေတယ်” ဟု ဖြေကြားလာပါတယ်။