ချဲလ်ဆီးအသင်း ဘရိုက်တန်ကွင်းလယ်လူကိုင်စီဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင်(115)သန်းနဲ့​ခေါ်ယူဖို့ သဘောတူညီမှုရ

ချဲလ်ဆီးအသင်းဟာ ကိုင်စီဒိုကို 2031ခုနှစ်အထိ (8)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး 2032အထိ တစ်နှစ်သက်တမ်းတိုးခွင့်ပါထည့်သွင်းထားပါတယ်။

ဘရိုက်တန်အသင်းဟာ ကိုင်စီဒိုအတွက် ပေါင်(115)သန်းအသားတင်ရမယ့်အပြင် ချဲလ်ဆီးဘက်က ကိုင်စီဒိုကို ရောင်းချတဲ့အခါ ပြောင်းရွေ့ကြေးရဲ့တစ်စိတ်တစ်ပိုင်းကိုလည်း ရရှိသွားအုန်းမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကိုင်စီဒိုကို ပေါင်သန်း(110)နဲ့ခေါ်ယူဖို့ ပြီးခဲ့တဲ့ ကြသပတေးနေ့က သဘောတူညီမှုရခဲ့ပေမယ့် ကစားသမားဘက်က ချဲလ်ဆီးကိုသာ ပြောင်းချင်တာကြောင့် အပြောင်းအရွေ့ဖြစ်ခဲ့ခြင်းမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အင်တာမိုင်ယာမီရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်တွေ ရှစ်မိနစ်အတွင်းမှာပဲ ရောင်းကုန်
Next post အချစ်ရေး ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဖြေကြားလာသူ စိုးပြည့်သဇင်