ကင်မရာနောက်ကွယ်က မေသဇင်ချစ်ရဲ့အကြောင်းတွေကို ပြောပြလာတဲ့ ပီယ

ဒီရက်ပိုင်းအတွင်းမှာတော့ အားလုံးရဲ့အချစ်တော် မေသဇင်ချစ်ရဲ့ကြော်ငြာလေးထွက်ပေါ်လာခဲ့ပါတယ်။ အာမခံလုပ်ငန်း တစ်ခုရဲ့ကြော်ငြာကို မေသဇင်ချစ်က ပထမဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပြီး ချစ်စရာကောင်းတဲ့ အပြောလေးတွေကြောင့် သဘောကျနေကြပါတယ်။

မေသဇင်ချစ်နဲ့အတူတူ အဖေနေရာကနေ သရုပ်ဆောင်တဲ့အမျိုးသားကိုလည်း သရုပ်ဆောင်ကောင်းလို့ဆိုပြီး‌တော့ ချီးကျူး ကြပါတယ်။ မေသဇင်ချစ်နဲ့ ရုပ်ချင်းဆင်တူတဲ့ သရုပ်ဆောင်ကတော့ ပီယဖြစ်ပါတယ်။ ပီယက ကြော်ငြာတွေမှာ သရုပ်ဆောင် နေသူတစ်ယောက်ဖြစ်ပါတယ်။ ပီယပထမဆုံးသရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာမှာလည်း အဖေနေရာကနေပဲ သရုပ်ဆောင်ခဲ့တာ ပါ။ သူ့မျက်နှာကလည်း မေတ္တာအပြည့်ပါဝင်တာကြောင့် လိုက်ဖက်တယ်ဆိုပြီး မေသဇင်ချစ်ရဲ့အဖေနေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။ အစပိုင်းမှာတော့ ပီယက မေသဇင်ချစ်နဲ့ သရုပ်ဆောင်ရမယ်ဆိုတာကို မသိခဲ့ပါဘူး။

မေသဇင်ချစ်တစ်ယောက် အိမ်ပြန်မယ်ဆိုတဲ့ ဗီဒီယိုလေးကို ပီယက ချစ်ဖို့ကောင်းလို့ဆိုပြီး ပြန်တင်ထားပါသေးတယ်။ ပီယရဲ့ နောက်ထပ်ကြော်ငြာတစ်ခုမှာ မေသဇင်ချစ်နဲ့ သရုပ်ဆောင်ရမယ်ဆိုတာကြောင့် အံ့ဩသွားသလို ပျော်လည်း ပျော်သွားပါ တယ်။

မေသဇင်ချစ်က အရမ်းသွက်သလို ဉာဏ်လည်း ကောင်းတာကြောင့် ပီယလည်း အံ့ဩနေပါတယ်။ အပြင်မှာသာ ပီယက မေသဇင်ချစ်ရဲ့အဖေဖြစ်ခဲ့ရင် အမြဲအဆူခံနေရမှာဖြစ်ပြီး အဖေထက် သမီးတစ်လကြီးရုံမက များစွာကြီးတဲ့ အသွက်လေး တစ်ယောက်ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ပီယက အဖေခန်းမှာသရုပ်ဆောင်ရပေမယ့်လည်း အသက်မကြီး သေးကြောင်းကိုတော့ ကြော်ငြာဝင်သွားခဲ့ပါတယ်။

မေသဇင်ချစ်နဲ့ ပီယတို့က တစ်နေရာတည်းမှာရိုက်ကူးတာမဟုတ်ဘဲ တစ်ခြမ်းစီရိုက်ကူးတာဖြစ်ပါတယ်။ မေသဇင်ချစ်က သီးသန့် သရုပ်ဆောင်ထားတာဖြစ်ပြီး ပီယသရုပ်ဆောင်ထားတဲ့အပိုင်းနဲ့ ပေါင်းစပ်လိုက်တာပါ။ မေသဇင်ချစ်က ကလေး အရွယ်ပဲ ရှိသေးတာကြောင့် ကင်မရာကို ကြောက်နေမှာစိုးရိမ်ပြီး တစ်ပိုင်းစီ ခွဲပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေကတော့ သဘောကျကြပါတယ်။ မေသဇင်ချစ်က အိုက်တင်ကို တစ်ဆက်တည်းလုပ်နိုင်တာကြောင့် ပီယက ချီးကျူးနေပါတယ်။

မေသဇင်ချစ်က မိတ်ကပ်မလိမ်း၊ နှုတ်ခမ်းနီမဆိုးဘဲနဲ့ သရုပ်ဆောင်ထားပြီးတော့ သဘာဝကျကျသရုပ်ဆောင်နိုင်လို့ ဦးဦးတွေ၊ ဒေါ်ဒေါ်တွေက ကြည့်ပြီးရင်း ပြန်ကြည့်နေကြပါတယ်။ ကလေးတစ်ယောက်ရဲ့သဘာဝအမူအရာကို အမိအရရိုက်ကူးထား တာဖြစ်ပြီး အသံလေးကလည်း ချစ်စရာကောင်းနေတာကြောင့် တစ်ရက်တည်းနဲ့တင် ကြည့်ရှုသူတွေများသွားခဲ့ပါတယ်။ မေသဇင်ချစ်ရဲ့ဆရာဖြစ်တဲ့ ဦးခြူးလွင်စိုးကလည်း သူ့တပည့်မလေးရဲ့အောင်မြင်မှုအတွက် ပီတိဖြစ်နေပါတယ်။ ဒီလိုချစ်စရာ ကောင်းတဲ့ကလေးလေးတစ်ယောက်ရှိသေးကြောင်းကို ဆရာက ဗီဒီယိုရိုက်တင်ပေးလိုက်တာဖြစ်ပြီး ဆရာ့ကျေးဇူးကြောင့်ပဲ မမေသဇင်ချစ်က ကြော်ငြာမင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါပြီ။

မေသဇင်ချစ်ကြောင့် ပီယလည်း နာမည်ကြီးလာခဲ့ပြီး သရုပ်ဆောင်ကောင်းတယ်လို့ အသိအမှတ်ပြုလာကြပါတယ်။ နာမည် ကြီးတဲ့ ကလေးလေးနဲ့ တွဲရိုက်ခွင့်ရတဲ့အတွက်လည်း ပီယက ဝမ်းသာနေပါတယ်။ မေသဇင်ချစ်က ဒီလိုအမူအရာတွေ လုပ်တတ်ဖို့အတွက် မိဘတွေလည်း သင်ထားပေးတာမဟုတ်ပါဘူး။ သူ့အလိုအလျောက် ချစ်စရာကောင်းနေတာဖြစ်ပြီး ဖြူစင်မှုတွေလည်း အတိုင်းသားပေါ်လွင်နေပါတယ်။

ချစ်စရာကောင်းတဲ့ မေသဇင်ချစ်ရဲ့ပထမဆုံးသရုပ်ဆောင်တဲ့ကြော်ငြာလေးက ပရိသတ်ကြီးရော ဘယ်နှခေါက်လောက် ကြည့်ပြီးသွားပြီလဲဆိုတာ comment မှာ ပြောပြခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လက်ထပ်ပြီးသားအမျိုးသားတစ်ယောက်နဲ့ အထင်လွဲ ခံနေရလို့ ပြန်လည်ဖြေရှင်းလိုက်တဲ့ နန်းမြတ်ဖြိုးသင်း
Next post ပြင်ဦးလွင်မှ မန္တ​လေးအဆင်းလမ်းမှာ ယာဥ်တိမ်း​မှောက်မှုဖြစ်ပွား