လက်ထပ်ပြီးသားအမျိုးသားတစ်ယောက်နဲ့ အထင်လွဲ ခံနေရလို့ ပြန်လည်ဖြေရှင်းလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

တစ်ချိန်က ဆရာဝန်တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်လည်း လုပ်ခဲ့ဖူးသလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ single mother တစ်ယောက်ဖြစ်ပေမယ့်လည်း သန်မာတာကြောင့် လူအများရဲ့လေးစားမှုကို ရရှိနေသူတစ်ယောက်ပါ။ နန်းမြတ်ဖြိုးသင်းရဲ့အမျိုးသားဖြစ်တဲ့ ကိုတာတာမျိုးက ၂၀၂၁ ခုနှစ်တုန်းမှာ ကိုဗစ်ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် နန်းမြတ်ဖြိုးသင်းဟာ ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူ ကွယ်လွန်ချိန်မှာ ကလေးတွေက အရမ်းငယ်နေခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေရှိနေသေးတာဖြစ်လို့ ပြိုလဲလို့မရဘူးဆိုတဲ့စိတ်နဲ့အားတင်းပြီး လုပ်ကိုင်နေသူဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ကလေးတွေအတွက် အစစ အရာရာလည်း လုပ်ပေးရသလို စီးပွားရေးကိုလည်း ဦးဆောင်နေခဲ့ရပါတယ်။

ဒါပေမယ့် နန်းမြတ်ဖြိုးသင်းကို အချို့တွေက အိမ်ထောင်ရှိတဲ့အမျိုးသားတစ်ယောက်နဲ့အတူ အလှူအတူတူလုပ်တာကြောင့် မစာမနာဝေဖန်ခဲ့ကြပါတယ်။ နန်းမြတ်ဖြိုးသင်းက ဇွန်လမှာ သူငယ်ချင်းဖြစ်တဲ့ဆရာဝန်တစ်ယောက်နဲ့အတူ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ကျောင်းသားကျောင်းသူ အယောက် ၄၀၀ စာအတွက် ကျောင်းသုံးစာရေးကိရိယာပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီသူငယ်ချင်းနဲ့ နန်းမြတ်ဖြိုးသင်းက ငယ်ငယ်ကတည်းက အတူတူစာကျက်ဖော်တွေဖြစ်ခဲ့ကြသလို ဆေးကျောင်းမှာလည်း အတူတူတက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်လုံးက ဇွန်လမှာပဲ မွေးတဲ့သူတွေဖြစ်တာကြောင့် အတူတူပေါင်းပြီး အလှူ လုပ်ခဲ့ကြတာပါ။ ဒါပေမယ့် အချို့တွေကတော့ နန်းမြတ်ဖြိုးသင်းကို အိမ်ထောင်ရှိတဲ့အမျိုးသားတစ်ယောက်နဲ့ အလှူ လုပ်တယ်ဆိုပြီး မဆီမဆိုင်အပြစ်ရှာကြပါတယ်။

နန်းမြတ်ဖြိုးသင်းက ဒီလိုတွေ ဖြစ်လာမှာကို ကြိုတွေးမိပြီးသားဖြစ်တာကြောင့် အလှူလုပ်တဲ့နေ့မှာ သူငယ်ချင်းရဲ့ အမျိုးသမီး ဖြစ်သူကိုပါ ခေါ်လာခဲ့ဖို့ ပြောခဲ့ပါတယ်။ သူငယ်ချင်းရဲ့အမျိုးသမီးဖြစ်သူလည်း ဘေးမှာ ပါပေမယ့်လည်း အချို့ကတော့ နန်းမြတ်ဖြိုးသင်းကို ကိုယ်ချင်းမစာဘဲ ပြောခဲ့တာကြောင့် ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။ နန်းမြတ်ဖြိုးသင်းက သူငယ်ချင်းနဲ့ ရင်းနှီးပြီး သူငယ်ချင်းရဲ့အမျိုးသမီးလည်း ပါလာတဲ့အပြင် သူကိုယ်တိုင်ကလည်း ဂုဏ်သိက္ခာနဲ့နေထိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ အမြင်တစ်ခုတည်းနဲ့ လွယ်လွယ်လေး ဆုံးဖြတ်တာကြောင့် နန်းမြတ်ဖြိုးသင်းအတွက်လည်း စိတ်အနှောင့် အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။ ကိုယ်ကျင့်တရားကို ယုံကြည်ပြီးသားဖြစ်တာကြောင့် လူအများဝေဖန်ရုံနဲ့လည်း သူ့ရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲသွားမှာမဟုတ်ပါဘူး။

နန်းမြတ်ဖြိုးသင်းက ကလေးတွေအတွက် သန်မာတဲ့အမေတစ်ယောက်ဖြစ်ပေမယ့်လည်း အိမ်ထောင်ဘက်က မရှိတော့တာကြောင့် သွေးတိုးစမ်းချင်တဲ့သူတွေလည်း ရှိလာခဲ့ပါတယ်။ သူ့ရဲ့ဘဝမှာ ကလေးတွေအတွက်၊ သူကိုယ်တိုင်အတွက် အများကြီးကြိုးစားဖို့ လိုသေးတာကြောင့် နောက်ထပ်မှီခိုစရာရင်ခွင်မလိုတော့ဘူးလို့ဆိုပါတယ်။

နန်းမြတ်ဖြိုးသင်းက ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့အနာဂတ်တစ်ခုကို ဖန်တီးပေးချင်းပြီး လက်ရှိမှာလည်း စီးပွားရေးလုပ်ငန်းက ကောင်းကောင်းမွန်မွန်လည်ပတ်နေနိုင်ပြီဖြစ်ပါတယ်။ နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကို တိုးချဲ့ပြီးတဲ့အခါ သူ့ရဲ့ပညာရေးအတွက် နောက်ထပ်လေ့လာ သွားဦးမှာပါ။

ကလေးနှစ်ယောက်နဲ့ ကြိုးစားနေရပေမယ့်လည်း မဆီမဆိုင်သူတွေကြောင့် ပြန်လည်ဖြေရှင်းနေရတဲ့နန်းမြတ်ဖြိုးသင်းအပေါ် ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်။ ဗီဒီယိုလေးကို ကြည့်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ကင်မရာနောက်ကွယ်က မေသဇင်ချစ်ရဲ့အကြောင်းတွေကို ပြောပြလာတဲ့ ပီယ