ပြင်ဦးလွင်မှ မန္တ​လေးအဆင်းလမ်းမှာ ယာဥ်တိမ်း​မှောက်မှုဖြစ်ပွား

၁၁.၈.၂၀၂၄ ရက်နေ့၊ ည​နေ ၆နာရီ ၁၅မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၂)တွင် ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ ယာဥ်တိမ်း​မှောက်မှု​ကြောင့် အမျိုးသမီး(၁)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်မှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်​ပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၃၅)ဦးအနက် ညပ်နေသူ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား ၆နာရီ ၃၀ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ခရီးသည်(၇)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဗဟိုမီးသတ်သင်တန်းကျောင်းမှ လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့‌ဆောင်ခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကင်မရာနောက်ကွယ်က မေသဇင်ချစ်ရဲ့အကြောင်းတွေကို ပြောပြလာတဲ့ ပီယ
Next post အသက် ၃၆ နှစ်ပြည့် မွေးနေ့ကို ကုသိုလ်တွေနဲ့ဖြတ်သန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်