မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို မှတ်ပုံတင် ခွင့်ပြုကြောင်း UEC ကြေညာ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက် မဟော်ဂနီလမ်း အမှတ် (၂/၂/၂၃၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာလိုက်သည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၅၀ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မီးဖိုချောင်သုံးဂတ်စ်များ အချို့နေရာဈေးပြန်ကျလာ
Next post (၁၆-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ