လူသားကို ဝက်ဝံဝတ်စုံဝတ်ခိုင်းထားပြီး ပြသထားတယ်လို့ စွပ်စွဲခံနေရတဲ့ တိရစ္ဆာန်ရုံ

Hangzhou တိရစ္ဆာန်ရုံက တရုတ်နိုင်ငံမှာ တည်ရှိတဲ့ နာမည်ကြီးတိရစ္ဆာန်ရုံပါ။ လောလောဆယ်မှာတော့ Hangzhou တိရစ္ဆာန်ရုံဟာ လူအများရဲ့ဝေဖန်မှုကို ခံနေရပါတယ်။ လူအများကြားမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုထဲမှာ Hangzhou တိရစ္ဆာန်ရုံက ဝက်ဝံဟာ ဝက်ဝံအစစ်နဲ့ မတူဘဲ လူသားက ဝက်ဝံဝတ်စုံဝတ်ထားတာနဲ့ တူနေတာကြောင့်ပါ။

အဲဒါကြောင့် အင်တာနက်အသုံးပြုသူတွေက တိရစ္ဆာန်ရုံထဲက ဝက်တံတွေက တကယ်ပဲ ဝက်ဝံအစစ်ဖြစ်ရဲ့လားဆိုတာကို သံသယဝင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာပါတဲ့ ဝက်ဝံက မတ်တပ်ရပ်ပြီး လက်ကို မြှောက်ထားပါတယ်။ ဒါပေမယ့် ဝက်ဝံရဲ့ပုံစံက လူသားတစ်ယောက် ဝက်ဝံဝတ်စုံဝတ်ပြီး မတ်တပ်ရပ်နေတာနဲ့ တူနေပါတယ်။ ဒါ့အပြင် ဝက်ဝံကလည်း ပိန်နေပါသေးတယ်။

Hangzhou တိရစ္ဆာန်ရုံက တာဝန်ရှိသူတွေကတော့ ဒီဝက်ဝံဟာ Malayan Sun ဝက်ဝံအမျိုးအစားဖြစ်တာကြောင့် မျိုးရိုးလိုက်ပြီး ပိန်လေ့ရှိကြောင်း၊ သိမ်မွေ့တဲ့အပြုအမူတွေရှိကြောင်း ပြန်လည် ဖြေရှင်းထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သတင်းဌာနတွေက ဖုန်းဆက်တဲ့အခါ တိရစ္ဆာန်ရုံက ဝန်ထမ်းတစ်ယောက်က ဖုန်းကို လက်ခံမဖြေပါဘူး။

Malayan Sun ဝက်ဝံအမျိုးအစားတွေဟာ ခွေးအကြီးအရွယ်အစားလောက်သာ ရှိပါတယ်။ မတ်တပ်ရပ်တဲ့အခါ ၁.၃မီတာ (၅၀လက်မ) သာ အရပ်အမြင့်ရှိပါတယ်။ အဲဒါကြောင့် အခြားသော ဝက်ဝံအမျိုးအစားတွေထက် အရွယ်အစားသေးပါတယ်။

Hangzhou တိရစ္ဆာန်ရုံကတော့ သူတို့ရဲ့ဝက်ဝံဟာ ဝက်ဝံအစစ်ဖြစ်ကြောင်း၊ လူသားကို ဝက်ဝံဝတ်စုံဝတ်ခိုင်းထားတာမဟုတ်ကြောင်း ပြန်လည်ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မက်ဆီရဲ့ဂိုးတွေနဲ့အတူ လိဂ်ဖလား နောက်တစ်ဆင့်တက်ရောက်သွားခဲ့တဲ့ အင်တာမီယာမီ
Next post (၁၆)သင်း ရှုံးထွက်အဆင့်ထိ ရောက်ရှိသွားပြီဖြစ်တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ