မက်ဆီရဲ့ဂိုးတွေနဲ့အတူ လိဂ်ဖလား နောက်တစ်ဆင့်တက်ရောက်သွားခဲ့တဲ့ အင်တာမီယာမီ

ဇူလိုင်လ ၃ ရက်

အင်တာမီယာမီအသင်းဟာ ခံစစ်ပိုင်းအားနည်းမှုတွေရှိနေပေမယ့် ယနေ့မနက် အော်လန်ဒိုစီးတီး အသင်းနဲ့ ကန်တဲ့ လိဂ်ပွဲစဉ်မှာ မက်ဆီရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ကာ လိဂ်ဖလားမှာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယနေ့ ဩဂုတ် ၃ ရက်နေ့ နံနက်ပိုင်း ကစားတဲ့ အဆိုပါပွဲမှာ အသက် ၃၆ နှစ်အရွယ်မက်ဆီဟာ ပွဲချိန် ၇ မိနစ်မှာ တေလာရဲ့ဖန်တီးမှူးကနေ ဂိုးသွင်းပေးခဲ့ပြီး ၇၂ မိနစ်အရောက်မှာ ထပ်မံဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

သူဟာ ပွဲချိန် ၂၁ မှာ အင်တာမိုင်ယာမီကစားသမားဘဝ ပထမဆုံးအဝါကတ်ရခဲ့ပါသေးတယ်။ မက်ဆီအတွက် မေဂျာလိဂ်က လွယ်နေတယ်လို့တောင် ဆိုနိုင်ပြီး အခုဆိုရင် ၃ ပွဲကစားထားရာ ၅ ဂိုးသွင်းယူထားပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post BLACKPINK အဖွဲ့ဝင် Jisoo နှင့် Ahn Bo Hyun တို့ ချစ်သူတွေ ဖြစ်နေကြပြီ
Next post လူသားကို ဝက်ဝံဝတ်စုံဝတ်ခိုင်းထားပြီး ပြသထားတယ်လို့ စွပ်စွဲခံနေရတဲ့ တိရစ္ဆာန်ရုံ