(၁၆)သင်း ရှုံးထွက်အဆင့်ထိ ရောက်ရှိသွားပြီဖြစ်တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ

ဇူလိုင်လ ၄ ရက်

သြစတြေးလျ နဲ့ နယူးဇီလန် နိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ယမန်နေ့မှာပဲ အုပ်စုပွဲစဉ်တွေ အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အုပ်စုပွဲတွေ ပြီးဆုံးချိန်မှာ ဆွစ်ဇာလန် ၊ နော်ဝေ ၊ သြစတြေးလျ ၊ နိုင်ဂျီးရီးယား ၊ ဂျပန် ၊ စပိန် ၊ အင်္ဂလန် ၊ ဒိန်းမတ် ၊ နယ်သာလန် ၊ အမေရိကန် ၊ ပြင်သစ် ၊ ဂျမေကာ ၊ ဆွီဒင် ၊ တောင်အာဖရိက ၊ ကိုလံဘီယာ နဲ့ မော်ရိုကိုတို့က နောက်တစ်ဆင့် တက်လှမ်းခဲ့ပေမယ့်လည်း ဂျာမနီ ဘရာဇီးလ် ကနေဒါတို့လို အသင်းကြီးတွေကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

(၁၆)သင်း ရှုံးထွက်အဆင့်မှာတော့ – ဆွစ်ဇာလန် နဲ့ စပိန် ၊ နယ်သာလန် နဲ့ တောင်အာဖရိက၊ ဂျပန် နဲ့ နော်ဝေ၊ ဆွီဒင် နဲ့ အမေရိကန်၊ သြစတြေးလျ နဲ့ ဒိန်းမတ်၊ ပြင်သစ် နဲ့ မော်ရိုကို၊ အင်္ဂလန် နဲ့ နိုင်ဂျီးရီးယား၊ ကိုလံဘီယာ နဲ့ ဂျမေကာတို့ တွေ့ဆုံမှာဖြစ်ပြီး ဒီလ (၅)ရက်နေ့ကနေ (၈)ရက်နေ့အထိ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လူသားကို ဝက်ဝံဝတ်စုံဝတ်ခိုင်းထားပြီး ပြသထားတယ်လို့ စွပ်စွဲခံနေရတဲ့ တိရစ္ဆာန်ရုံ
Next post ဒမ်ဘီလီရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ခုအဖြစ် နေမာကို ထည့်သွင်းခဲ့ပေမယ့် ပယ်ချခဲ့တဲ့ ဘာစီလိုနာ