ဒမ်ဘီလီရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ခုအဖြစ် နေမာကို ထည့်သွင်းခဲ့ပေမယ့် ပယ်ချခဲ့တဲ့ ဘာစီလိုနာ

ဇူလိုင်လ ၄ ရက်

ပီအက်စ်ဂျီအသင်းဘက်က ဒမ်ဘီလီရဲ့အပြောင်းအရွှေ့အတွက် အစိတ်အပိုင်းတစ်ခုအဖြစ် နေမာကို အငှားချဖို့ထည့်သွင်းခဲ့ပေမယ့် ဘာစီလိုနာက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်သားဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ နီးစပ်နေပြီး ပေါင် ၄၃ သန်းနဲ့ မိခင်မြေကိုပြန်တော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီနဲ့ ဘာပေတို့ အနေအထားကြောင့် တိုက်စစ်ပိုင်းအတွက် ဈေးကွက်ထဲမှာ ကစားသမားသစ်ရှာဖွေနေတာဖြစ်ပါတယ်။

စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ပီအက်စ်ဂျီဟာ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါအပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းအဖြစ် နေမာကို တစ်ရာသီအငှားချဖို့လည်း ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းက နေမာကို ပြန်လည်ခေါ်ယူချင်စိတ်မရှိပဲ အဓိကပြဿနာက ဘဏ္ဍာရေး အခြေအနေကြောင့်ဖြစ်သလို အသက် ၃၁ နှစ်အရွယ်ဒဏ်ရာပြဿနာကစားသမားဖြစ်နေတာကြောင့်လည်း မခေါ်ယူချင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆)သင်း ရှုံးထွက်အဆင့်ထိ ရောက်ရှိသွားပြီဖြစ်တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ
Next post မွေးနေ့အမှတ်တရဓာတ်ပုံများ သူ၏အကောင့်တွေ ဝေမျှလာသော ဝင့်ယမုံနိုင်