Netflix Worldwide Top (1) နေရာကို သိမ်းပိုက်ထားသော HIDDEN STRIKE

Jackie Chan နဲ့ John Cena တို့ပါဝင် သရုပ်ဆောင်ထားသော Hidden Strike ရုပ်ရှင်ဇာတ်ကားကြီးဟာ Netflix မှာ လူကြည့်အများဆုံးရုပ်ရှင်အဖြစ် ပထမနေရာရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ (၂၀၂၃) ခုနှစ် ဇူလိုင်လပထမအပတ်မှာ အသစ်ထွက်ရှိသော ဇာတ်ကားဖြစ်ပြီး မင်းသားကြီး(၂)ယောက် သရုပ်ဆောင်မှုပိုင်နိုင်ခြင်းတို့ကြောင့် ပရိသတ်တွေဆီရောက်ရှိချိန်မှာလည်း ရလဒ်ကောင်းတွေ တွေ့ခဲ့ရတာဖြစ်ပါတယ်။

ရလဒ်ကောင်းသောရုပ်ရှင်တစ်ကားဖြစ်ရုံသာမက ကြည့်ရှုမှုအများဆုံးဇာတ်ကားအနေနဲ့လည်းစာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Scott Waugh က တာဝန်ယူထားပြီး Arash Amel က ဇာတ်ညွှန်းဖန်တီး ထားတာ ဖြစ်ပါတယ်။ ဇူလိုင်လ(၂၈)ရက်မှာ Netflix ပလပ်ဖောင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး catalog မှာ ထည့်သွင်းပြီး တစ်ရက်အကြာမှာ Worldwide Top (10) list မှာ ပထမနေရာကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Hidden Strike ဇာတ်ကားကို မင်းသားကြီး(၂)ဦးနှင့်အတူ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားပြီး ဟောလိဝုဒ်ရုပ်ရှင်ရဲ့ ဆန်းသစ်မှုတွေ၊ အခြေခံကျတဲ့ရိုက်ကွင်းနေရာရွေးချယ်မှုတွေ၊ လှပတဲ့ဖိုက်တင်ခန်းတွေကို မတူညီတဲ့ ဇာတ်ကောင်နှစ်ဦးနှင့်အတူ အသစ်စက်စက် ခံစားနိုင်ဖို့ မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တူမလေးရဲ့ ပထမဆုံးဇာတ်လမ်းတွဲကို ဝန်းရံပေးကြောင်း ဖွင့်ဟလာသူ သရုပ်ဆောင် ရီရီပွင့်ဖြူ
Next post သမီးဆိုးမှာ နှိပ်စက်ထားတဲ့ ထက်ထက်ထွန်းကို လောင် မှာ ပြန်နှိပ်စက်မဲ့ တိုင်ရွန်