တူမလေးရဲ့ ပထမဆုံးဇာတ်လမ်းတွဲကို ဝန်းရံပေးကြောင်း ဖွင့်ဟလာသူ သရုပ်ဆောင် ရီရီပွင့်ဖြူ

အနုပညာမျိုးရိုးရှိသူတစ်ဦးဖြစ်သူ ရီရီပွင့်ဖြူဟာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေဖြင့် ပရိသတ် အားပေးမှုကို ရရှိထားသူတစ်ဦးလည်းဖြစ်ပါသည်။ အခုအချိန်မှာ ယောင်္ကျားဖြစ်သူ သရုပ်ဆောင် မောင် နှင့်အတူ Social Influencer အနေဖြင့် vlog များကို ရိုက်ကူးနေတာ ဖြစ်ပါတယ်…

ယခုအခါတွင်လည်း  သရုပ်ဆောင်တစ်ယောက်အဖြစ် ဖေ့ဘုတ်ဟာသဇာတ်လမ်းတိုများ ရိုက်ကူးပြီး နာမည်ကြီးလာသူ တူမဖြစ်သူ သရုပ်ဆောင် ဆုလာဘ်ရတနာ ပထမဆုံးပါဝင်ရိုက်ကူးထားပြီး Htv Channel  တွင် ပြသမည့် ကျွန်မခင်ပွန်း၏ လျှို့ဝှက်ချက် ဇာတ်လမ်းတွဲအတွက် သူမဖြစ်သူအတွက် ဂုဏ်ယူစွာနဲ့ သူမ၏ ဖေ့ဘုတ်စာမျက်နှာကနေ အားပေးဝန်းရံလိုက်ပါတယ်…

ရီရီကတော့ “မဆုလာဘ်ရဲ့ သရုပ်ဆောင်မှုတွေကြည့်မယ်လေ.. Congratulations ချစ်တုံးလေး” ဆိုပြီး တူမလေးကို အပြည့်အဝန်းရံ အားပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကျွန်မခင်ပွန်း၏ လျှို့ဝှက်ချက် ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ နေရှိုင်း၊ နော်ဖောအယ်ထား ၊ ဆုလာဘ်ရတနာနှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ရီရီရဲ့ တူမလေးကို အားပေးဖို့အဆင်သင့် ဖြစ်နေပြီလား ???

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘဝတစ်လျှောက်လုံး တွဲကစားဖူးတဲ့အထဲမှာ သဘောအကျဆုံး ကစားဖော် (၁၀)ဦးကိုဖွင့်ဟလာတဲ့ မက်ဆီ
Next post Netflix Worldwide Top (1) နေရာကို သိမ်းပိုက်ထားသော HIDDEN STRIKE