သမီးဆိုးမှာ နှိပ်စက်ထားတဲ့ ထက်ထက်ထွန်းကို လောင် မှာ ပြန်နှိပ်စက်မဲ့ တိုင်ရွန်

ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတဲ့ မင်းသား တိုင်ရွန်ကတော့ မကြာခင်ထုတ်လွှင့်မယ့် “လောင်” ဇာတ်လမ်းတွဲမှာ ဒေါသကြီးပြီး ဂျစ်ကန်ကန်နဲ့ အရမ်းဆိုးတဲ့ သားဆိုးကာရိုက်တာနဲ့ ပရိသတ် တွေ့ရမှာဖြစ်ပြီး အဲဒီဇာတ်လမ်းတွဲမှာ သမီးဆိုးဇာတ်ကားတုန်းက နှိပ်စက်ထားတဲ့ ထက်ထက်ထွန်းကို ပြန်နှိပ်စက်မှာပါလို့ ဖွင့်ဟလာပါတယ်။

“သမီးဆိုးမှာထက် ပူလောင်ရတယ်။ သောကတွေ အစတစ်ရာလောက် ပိုဆိုးမယ့်ကားပါ။ ဇာတ်ဝင်ခန်း မုဒ်အ တိုင်း အိမ်ပြန်ရောက်ရင်တောင် စိတ်ဆိုးစိတ်ညစ်ပါသွားလောက်အောင်ကောင်းတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ရော ကိုယ်ပါ ဒီမုဒ်ကို နှစ်ထားတယ်။ Family Drama စစ်စစ် အရသာကို ပေးထားတယ်။ သမီးဆိုးမှာ ကျွန်တော့်ကို အရမ်းနှိပ်စက်ထားတဲ့ ထက်ထက်ထွန်းကို ကျွန်တော်က လောင်ဇာတ်ကားမှာ ပြန်နှိပ်စက်ထားပါတယ်။ အိမ်ထောင်ရေး ဇာတ်လမ်းလေးပါပဲ။ ထက်ထက်ထွန်းကို အကြီးအကျယ် ပြန်နှိပ်စက်ထားပါတယ် ”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။

အောင်သီရိ ထုတ်လုပ်ရေးက Family Drama ဇာတ်လမ်းပုံစံ “လောင်”ဇာတ်လမ်းတွဲကို မကြာခင် Mahar Application ကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Netflix Worldwide Top (1) နေရာကို သိမ်းပိုက်ထားသော HIDDEN STRIKE
Next post အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ၏ Table Top Exercise ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ