အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ၏ Table Top Exercise ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

ဇူလိုင်လ ၃ ရက်

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်တံဆိပ်အား Touch Screen ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ စားပွဲတင်‌လေ့ကျင့်ခန်းသို အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှ တပ်မတော် အရာရှိကြီးများ ပါဝင်တက်ရောက်လျက်ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတိုက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး (ကြည်း၊ရေ၊လေ) Colonel SurgEY S. kurchenko နှင့် ရုရှားတပ်မတော်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သမီးဆိုးမှာ နှိပ်စက်ထားတဲ့ ထက်ထက်ထွန်းကို လောင် မှာ ပြန်နှိပ်စက်မဲ့ တိုင်ရွန်
Next post BLACKPINK အဖွဲ့ဝင် Jisoo နှင့် Ahn Bo Hyun တို့ ချစ်သူတွေ ဖြစ်နေကြပြီ