သင်္ကြန်နောက်ခံ ဟာသဇာတ်မြူးလေး “သင်္ကြန်ရင်ခွင် ” Mahar Application မှာ ထုတ်လွှင့်ပြသမည်

Mahar Application မှာတော့ “သင်္ကြန်ရင်ခွင် ” လို့ နာမည်ပေးထားတဲ့ ဇာတ်လမ်းကို ဧပြီလ (၃၀) ရက်နေ့မှာ HD Qulity နဲ့ ထုတ်လွှင့်တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဝတ္ထုဇာတ်လမ်းကို ညီဆောင်းဦးက ခံစားရေးဖွဲ့ထားကာ သားမြင့်ဆွေ က ဇာတ်ညွန်းရေးညွှန်းထားပြီး BoBo Film Production အတွက် ဒါရိုက်တာ ရာဇဝင်ကို က ရိုက်ကူး ပုံဖော်ထားတဲ့ တစ်ပိုင်းတည်းအပြီး ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ သင်္ကြန်နောက်ခံ လူငယ်ကြိုက် ဟာသဇာတ်မြူးလေးပါ။ သင်္ကြန်ရဲ့ အရသာ၊ သင်္ကြန်ရဲ့ အငွေ့ အသက် တွေကို ဒီဇာတ်လမ်းမှာ ခံစားရမှာဖြစ်ပါတယ်။ သမက်လောင်းနဲ့ ယောက္ခမလောင်းတို့အကြား အပြင်းစားလှည့်စားချက်တွေနဲ့ အတူ လူငယ်သင်္ကြန်အချစ်ဇာတ်မြူးကို ကြည့်ကြရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရ ပျော်ရမယ့် ဇာတ်လမ်းလေးမို့ သင်္ကြန်ချစ်ကြတဲ့ လူကြီးလူငယ် အားလုံးပဲ Mahar Application မှာ စောင့်မျှော်အားပေးကြပါဦး။

“သင်္ကြန်ရင်ခွင်”မှာတော့ အကယ်ဒမီ များရှင် ရန်အောင်၊ ကောင်းမြတ်စံ၊ ပြည်ငြိမ်းဟန်၊ ရဲရင့်စည်သူ၊ ထက်လျှမ်း၊ ဒီပါကျော်၊ ယမုံမြင့်မြတ်၊ ယွန်းဝင့်လွှာ အောင်၊ မိုးသဲဖြူ၊ ဖူးဖူးနန်းတော်နှင့် လူငယ်သရုပ်ဆောင်အများအပြား ပါဝင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လမ်းဖွင့်ထားကြောင်း ထပ်မံ အသိပေး
Next post နိုင်ငံတစ်ဝန်း ငလျင်ပြင်းထန်စွာလှုပ်ခတ်