နိုင်ငံတစ်ဝန်း ငလျင်ပြင်းထန်စွာလှုပ်ခတ်

မြန်မာနိုင်ငံတစ်ဝန်းမှာ မတ်လ၂၈ရက်၊ နေ့လယ် ၁၂နာရီ ၅၂မိနစ်လောက်က အင်အားအလွန်ပြင်းထန်တဲ့ ပြင်းအားအဆင့် ၇,၇ ရှိတဲ့ ငလျင်ကြီးပြင်းထန်စွာ လှုပ်ခတ်သွားတယ်လို့ ပြည်သူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။ အခုလှုပ်တဲ့ ငလျင်ကို မြန်မာနိုင်ငံနေရာအနှံ့ အပြားမှာ သိသိသာသာပြင်းထန်စွာ ခံစားလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြချက်အရ မန္တလေးမှာဆိုရင် အိမ်တွေပြိုကျတာတွေ၊ တိုက်အိမ်တချို့စောင်း သွားတာတွေကို တွေ့ရပါတယ်။

စစ်ကိုင်းတံတားအဟောင်းလည်း ငလျင်ဒဏ်ကြောင့် ကျိုးကျသွားတာ တွေ့ရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) မှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။ ငလျင်ဟာ မြေအောက်နက် ၁၀ ကီလိုမီတာ အကွာမှာ လှုပ်ရှားသွားတာဖြစ်တယ်လိုသိရပါတယ်။ ထိခိုက်ပျက်စီးမှုစာရင်းမရရှိသေးပါဘူး ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သင်္ကြန်နောက်ခံ ဟာသဇာတ်မြူးလေး “သင်္ကြန်ရင်ခွင် ” Mahar Application မှာ ထုတ်လွှင့်ပြသမည်
Next post မန္တလေးတွင် ရှာဖွေရေးလုပ်ငန်းများ အမြန်လုပ်ရန် တပ်ချုပ် မှာကြား