မန္တလေးတွင် ရှာဖွေရေးလုပ်ငန်းများ အမြန်လုပ်ရန် တပ်ချုပ် မှာကြား

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီးမှာ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးသွားဖို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။

နစက ဥက္ကဋ္ဌ ဟာ မတ်လ ၂၉ ရက်၊ မနက်အစောပိုင်းက ထိခိုက်ပျက်စီးဆုံးရှုးမှုများပြားခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီးကို သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကို ရဟတ်ယာဉ်ဖြင့်ဦးစွာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူတွေ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုး ခဲ့ရမှုတွေကို တင်ပြရာ နစက ဥက္ကဋ္ဌက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး အမြန်ဆုံးဆောင်ရွက်ပေးသွားဖိုနဲ့ အခြားလိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့ကြောင်း နဲ့ မန္တလေးမြို့အတွင်း ထိခိုက်ပျက်စီးဆုံးရှုးခဲ့မှုအခြေအနေများကို ဆက်လက် လိုက်လံကြည့်ရှုစစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတစ်ဝန်း ငလျင်ပြင်းထန်စွာလှုပ်ခတ်
Next post မန္တလေးမှာ ငလျင်ဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်