မန္တလေးမှာ ငလျင်ဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ခြင်းကြောင့် နစက-က ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိသည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လူ ၆၉၄ ဦး သေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နစက-က မတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ပျောက်ဆုံးနေသူ ၆၈ ဦးရှိပြီး နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင် ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ခုတို့ ပျက်စီးဆုံးရှုံးခဲ့သည်။

ရေ၊ မီးနှင့် နေထိုင်ရန် နေရာများ အဆင်ပြေမှုရှိစေရေး၊ စားသောက်မှု အဆင်ပြေစေရေး အမြန်ဆုံး စီစဉ်ဆောင်ရွက် ပေးသွားရန် လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများအလိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး လေယာဉ်ကွင်းနှင့် လေယာဉ် ပြေးလမ်းများကို အမြန်ဆုံး ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးတွင် ရှာဖွေရေးလုပ်ငန်းများ အမြန်လုပ်ရန် တပ်ချုပ် မှာကြား
Next post နစကဉက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး