
နစကဉက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက် အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ရဟတ်ယာဉ်များဖြင့် ဦးစွာ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ် ရာဆေးရုံ၊ ဆေးခန်းများ၌ အမြန်ဆုံး ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူးပါရဂူများဖြင့် အမြန်ဆုံးဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ သေဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာဖြင့် သင်္ဂြိုဟ်ခြင်း များ ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန် အခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉ ဖြစ် ပေါ်စဉ်ကကဲ့သို့ နေထိုင်ရန်နေရာများကို တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများအလိုက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိ အဆောက်အဦများကိုလည်း အမြန်ဆုံး စနစ်တကျရှင်းလင်းမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍သက်တမ်းရင့်အဆောက်အဦများအား အရည်အသွေးစစ်ဆေးခြင်း၊ အဆောက်အဦသစ်များ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည်စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးတို့ကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း၊ ငလျင်ဒဏ်သင့်ဒေသများ၌ ရေ၊ မီး နှင့် နေထိုင်ရန် နေရာများ အဆင်ပြေမှုရှိစေ ရေး၊ စားသောက်မှု အဆင်ပြေစေရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်း များကို အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။



ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် နန်းမြို့ရိုး တစ်လျှောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရမှု အခြေအနေများ၊ မန္တလေးမြို့အတွင်း အဆောက်အဦနှင့် လမ်းများ ပျက်စီးခဲ့ရမှု၊ မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုနှင့် မီးလောင်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြိုကျပျက်စီးနေသည့် အဆောက်အဦများ အတွင်း ပိတ်မိနေသူများအား အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန် လည်ဆယ်တင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွား ရန်နှင့် အဆောက်အဦသစ်များ ပြန်လည်တည်ဆောက်ရာတွင် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။



ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်အဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးကုသမှုဆောင်ရွက်ပေးနိုင်ရေးအတွက် ယာယီဆေးရုံနှင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် မန္တလေး မြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ဆက်လက်ကြည့်ရှုစစ်ဆေး သွားမည်ဖြစ်သည်။


