ဇာတ်ပို့ဆုရမည်လို့ ရေပန်းစားနေသော ဝါရင့်သရုပ်ဆောင် ရန်အောင်

ဖေဖေါ်ဝါရီ (၃) ရက်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ပွဲအခမ်းအနားတွင် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်မှုများသည့် သရုပ်ဆောင်များကို ပရိသတ်များနှင့် ရုပ်ရှင်အသိုင်းအဝိုင်းက ထင်ကြေးပေး ရွေးချယ်မှုများ လုပ်ဆောင်နေကြပြီ ဖြစ်သည်။

ယင်းကဲ့သို့ ထင်ကြေးပေးခန့်မှန်းခြင်းခံနေရသည့် အနုပညာရှင်များထဲတွင် လက်ရှိတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသားဇာတ်ဆောင်ဆု (၆) ဆုအထိ ချီးမြှင့်ခြင်းခံထားရသည့် ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်လည်း တစ်ဦးပါဝင်နေတာ ဖြစ်သည်။

သရုပ်ဆောင် ရန်အောင်သည် ဒါရိုက်တာ ‌တင်အောင်စိုး(ပန်းမြို့တော်) ကဖန်တီးပုံဖော်ထားခုင်းဖြစ်ပြီး ဝါရင့် သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ ၊ နက္ခတ် ၊ ကျော်ဇောဟိန်း ၊ L နေနော်၊ Lဆိုင်းဇီနှင့် အနုပညာရှင်များပါဝင်ရိုက်ကူးထားသည့် စောင်နီလေးတစ်ထည် တပ်မတော်ဂုဏ်ပြုဇာတ်လမ်းတွင် ဇာတ်ကို ဇာတ်ရှိန်မြင့်အောင် အမြင့်ဆုံးပို့ဆောင်နိုင်ခဲ့လို့ ပရိသတ်များရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆု တစ်ခုဖြစ်သော အမျိုးသားဇာတ်ပို့ထူးချွန်ဆု အတွက် ရရှိနိုင်ဆုံး သရုပ်ဆောင်အဖြစ် ထင်ကြေးပေး ရွေးချယ်ခံရနေသူ ဖြစ်သည်။

သရုပ်ဆောင် ရန်အောင်သည် တပ်မတော်ဂုဏ်ပြုဇာတ်ကား စောင်နီလေးတစ်ထည် ဇာတ်ကားထဲတွင် ဖခင်တစ်ယောက်၏ မေတ္တာကို ပီပြင်စွာ ပုံဖော်သရုပ်ဆောင်နိုင်ခဲ့သည့်အပြင် မိမိဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေငြိမ်းချမ်းရေးအတွက် စိတ်စေတနာမှန်ရှိသည့် ကချင်တိုင်းရင်းသားတစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တာ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကလေးမမွေးနိုင်လို့ အရင်ခင်ပွန်းဟောင်းနဲ့ ကွာရှင်းခဲ့တယ် ဆိုတဲ့ မီချဲလ်ယို
Next post အစိုးရအဖွဲ့အသစ်အနေဖြင့် စိတ်ဓာတ်အသစ်၊ ခွန်အား အသစ်များဖြင့် တာဝန်ထမ်းဆောင်ကြစေရန် နစက ဉက္ကဋ္ဌ ပြောကြား