အစိုးရအဖွဲ့အသစ်အနေဖြင့် စိတ်ဓာတ်အသစ်၊ ခွန်အား အသစ်များဖြင့် တာဝန်ထမ်းဆောင်ကြစေရန် နစက ဉက္ကဋ္ဌ ပြောကြား

ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် အစိုးရအဖွဲ့အသစ် အနေဖြင့် စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်များဖြင့် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

 ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အနေဖြင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ပြီး မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများအတွင်း အပြောင်းအလဲ အချို့ရှိခဲ့သော်လည်း ချမှတ်ထားသည့် မူဝါဒများပြောင်းလဲမှုမရှိဘဲ ဆောင်ရွက်ခဲ့ရာ အခက်အခဲအကြပ်အတည်းများကြားမှ အတိုင်းအတာတစ်ခုအထိ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မှတ်တမ်းတင်ပါကြောင်းဆိုသည်။

ဆက်လက်ပြီး ယခင်ဆောင်ရွက်ခဲ့သည့် ရှိပြီးသားအခြေခံကောင်းများကိုအသုံးချ၍ လာမည့် ကာလများအတွင်း မိမိတို့၏ မျှော်မှန်းချက်များ ယခုထက် ပိုမိုတိုးတက် အောင်မြင်စေရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဇာတ်ပို့ဆုရမည်လို့ ရေပန်းစားနေသော ဝါရင့်သရုပ်ဆောင် ရန်အောင်
Next post တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရကိုကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား