ဂန္ထဝင်တေးသံရှင်ကြီး မောင်မောင်ကြီး ကွယ်လွန်

ဂန္ထဝင်တေးသံရှင်ကြီး မောင်မောင်ကြီး အသက် (၉၂) နှစ်ဟာ ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်က ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဂန္ထဝင်တေးသံရှင်ကြီး မောင်မောင်ကြီး ကို ဖခင် ဦးခင်စိန်၊ မိခင် ဒေါ်ခင်ညွန့်ယဉ် တို့မှ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင်မောင် ဖြစ်ပါတယ်။ အဆိုတော် မောင်မောင်ကြီးသည် ဂီတနယ်ပယ်ကို ၁၉၄၇ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ကျင်းပတယ့် ယဉ်ကျေးမှုအနုပညာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဟာဂီတ(အဆို) ရွှေတံဆိပ်ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

မြန်မာသံ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ မောင်မောင်ကြီးဟာ မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ဒေါ်မာမာအေးတို့ခေတ်ထက် အနည်းငယ်စောပြီး အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီး တ‌စ်ယောက်ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ နိုင်ငံတော်ကနေ လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၀ ရက်တာ မင်္ဂလာပွဲကျင်းပနေသော ဘရူနိုင်းမင်းသား
Next post ကျောက်တံခါးမြို့တွင် လယ်ထဲသို့ဆေးလာဖျန်းသည့် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင်တစ်ဦးနှင့် ၎င်း၏ သမီးတို့ သေနတ်ပစ်ခံရ