ကျောက်တံခါးမြို့တွင် လယ်ထဲသို့ဆေးလာဖျန်းသည့် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင်တစ်ဦးနှင့် ၎င်း၏ သမီးတို့ သေနတ်ပစ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ ပဲခူးစုကျေးရွာနှင့် ပုဂံကွဲကျေးရွာချင်းဆတ်သည့် မြေသားလမ်းမပေါ်တွင် လယ်ထဲသို့ ဆေးဖျန်ရန်လာသည့် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင်တစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူတို့ သေနတ်ပစ်ခံရကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ဖဒိုဒေသ၊ရှမ်းဒိုးကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကျော်မတီဝင်တစ်ဦးမှာ ၎င်း၏သမီးဖြစ်သူနှင့်အတူ မော်တော်ဆိုင်ကယ်ဖြင့် လယ်ထဲ တွင်ဆေးဖျန်းရန်အတွက် ပုဂံကွဲကျေးရွာ မြေသားလမ်းမအတိုင်းမောင်းနှင်လာစဉ် PDF နှစ်ဦးမှ ထိုသားအဖ နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် အသက်(၄၅)နှစ်အရွယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကျော်မတီဝင် ဦးအောင် ကျော်ဆန်းမှာ ဦးခေါင်းဒဏ်ရာ(၁)ချက် ၊ ကျောကုန်းဒဏ်ရာ (၂)ချက် ၊ လည်ပင်း ဒဏ် ရာ(၁) ချက်တိုရရှိပြီး အခင်းဖြစ်နေတွင် သေဆုံးပြီး၊ ၎င်း၏ သမီးဖြစ်သူ အသက်(၁၉) နှစ်အရွယ် မစုမြတ်သော်တာမှာ ဘယ်ဘက် နို့အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက် လက်သန်းကြွယ် ကျည်ထိမှန်ဒ ဏ်ရာ ၁ ချက်၊ ညာဘက် လက်ေ မာင်းပွန်းခြစ် ဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ (၃) ချက်ရရှိ၍ (စိုးရိမ်ရ) သောကြောင့် ပဲခူးဆေးရုံ ဆေးကုသမူခံယူနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂန္ထဝင်တေးသံရှင်ကြီး မောင်မောင်ကြီး ကွယ်လွန်
Next post City Taxi ယာဉ်များ အဝါရောင်လိုင်း Sticker တပ်ဆင်မှု ၈၆ ရာခိုင်နှုန်းပြီးစီး