၁၀ ရက်တာ မင်္ဂလာပွဲကျင်းပနေသော ဘရူနိုင်းမင်းသား

ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ အသက် ၃၂ နှစ်အရွယ် ဘရူနိုင်းမင်းသား အဒူမာတင်ဟာ ဘရူနိုင်းဆူလ်တန်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ပီဟင် ဒါတို ဟာဂျီ အီဆာရဲ့မြေး အေနီရှာ ရိုဆာနာ ဘင်တီ အာဒမ် နဲ့ လက်ထပ်တော့မယ်လို့ ကြေညာခဲ့တာပါ။ သူ့ရဲ့တော်ဝင်မင်္ဂလာပွဲကို ဇန်နဝါရီ ၇ ရက်နေ့က စတင်ခဲ့ပြီး ၁၀ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ၁၀ရက်တာ မင်္ဂလာပွဲကျင်းပလို့မပြီးသေးပေမဲ့ သူတို့စုံတွဲရဲ့မင်္ဂလာအခမ်းအနားကပုံတွေ၊ သတို့သမီးရဲ့ ပုံတွေက လူမှုကွန်ယက်မှာပျံ့နှံ့နေပါပြီ။ သတို့သမီးအေနီရှာရဲ့ပုံတွေကို မင်္ဂလာပွဲဓာတ်ပုံဆရာမူအာချ် ရိုစ်မန်းက အင်စတာ ဂရမ်ကတဆင့် မျှဝေပေးထားပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့က အစ္စလာမ်ဓလေ့မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ တော်ဝင် မင်္ဂလာပွဲကြီးနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဇန်နဝါရီ ၁၇ ရက်အထိ ဆက်လက်ကျင်းပသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post 2023 ခုနှစ် အတွက် ဖီဖာတစ်နှစ်တာအမျိုးသားအကောင်းဆုံးကစားသမားဆုကို မက်ဆီ ရရှိ
Next post ဂန္ထဝင်တေးသံရှင်ကြီး မောင်မောင်ကြီး ကွယ်လွန်