နိုင်ငံတော်နဲ့ ပြည်သူအတွက် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်နေတယ်လို့ နစက ဥက္ကဋ္ဌပြော

နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်နေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

“ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာ ယာဝပြောသည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါသည်။ “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဦးတည်ထားရှိပြီး “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး” နှင့် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး” ကို နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ချမှတ်ထားရှိပါသည်။ ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူများနှင့်လက်တွဲပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ယနေ့ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ နစက ဉက္ကဋ္ဌက ထည့်သွင်းပြောကြားထားတာပါ။

ပြည်သူအားလုံး မျှော်မှန်းတောင့်တသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် မရှိမဖြစ် လိုအပ် သည့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမယ်လို့လည်း ၎င်းက ထပ်မံ ပြောပါတယ်။

ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မှာ ဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ဆိုပြီး‌တော့လည်း ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ 
Next post အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့နှင့် NSPNC တို့တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး