ပီတာကို တစ်ဦးတည်းသောဝန်ကြီးချုပ်လောင်းအဖြစ် ညွန့်ပေါင်းအဖွဲက အမည်စာရင်းပြန်လည်တင်သွင်းမည်

ဇူလိုင်လ ၁၈ ရက်

Move Forward ပါတီဦးဆောင်တဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲဟာ Move Forward ပါတီခေါင်းဆောင်ပီတာလင်း ဂျားရင်းနတ်ကိုပဲ ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းသွားမှာဖြစ်ကြောင်း ညွန့်ပေါင်းပါတီ အားလုံးက အတည်ပြုလိုက်ပါတယ်။

ညွန့်ပေါင်းပါတီတွေအနေနဲ့ ပီတာကို တစ်ဦးတည်းသောဝန်ကြီးချုပ်လောင်းအဖြစ် ဆက်လက်ထောက်ခံမလား ဆိုတာကို ဆွေးနွေးဖို့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးထဲကနေထွက်လာတဲ့ ပီတာက ၎င်းအနေနဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ တစ်ဦးတည်းသောဝန်ကြီးချုပ် လောင်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အပြင်မှာစောင့်နေတဲ့ မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။

လွှတ်တော်ထဲမှာ မအောင်မြင်တဲ့အဆိုပြုချက်တစ်ခုကို ထပ်မံတင်သွင်းတာနဲ့ သဘောတူမျှတဲ့အတွက် အခုလို ၎င်းရဲ့အမည်စာရင်းကိုထပ်မံတင်သွင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာကျနိုင်တယ်လို့ တချို့ကစိုးရိမ်ပူပန်နေကြကြောင်း ပီတာက ဝန်ခံပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူနိုက်တက်အသင်းခေါင်းဆောင် ရာထူးအတွက် ဘရူနိုဖာနန်ဒက်စ် ရေပန်းအစားဆုံးဖြစ်နေ
Next post မေဂျာလိဂ်ထက် ဆော်ဒီလိဂ်က ပိုကောင်းကြောင်း ပြောဆိုလိုက်တဲ့ စီရော်နယ်ဒို