မေဂျာလိဂ်ထက် ဆော်ဒီလိဂ်က ပိုကောင်းကြောင်း ပြောဆိုလိုက်တဲ့ စီရော်နယ်ဒို

ဇူလိုင်လ ၁၈ ရက်

အင်တာမီယာမီအသင်းမှာ မက်ဆီမိတ်ဆက်ခံရပြီး နောက်တစ်ရက်မှာပဲ စီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ မေဂျာလိဂ်ထက် ပိုကောင်းကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စီရော်နယ်ဒို အနေဖြင့် ထိုကဲ့သို့ ပြောကြားနေသော်လည်း Cristiano Ronaldo ရဲ့ Al Nassr မိတ်ဆက်ပွဲအား ကမ္ဘာတစ်ဝှမ်း ကြည့်ရှုသူ 3 ဘီလီယံ ရှိခဲ့ပေမယ့် Leo Messi ရဲ့ အင်တာမီယာမီ မိတ်ဆက်မှုမှာ ကမ္ဘာတစ်ဝှမ်း ကြည့်ရှုသူ 3.5 ဘီလီယံ အများဆုံး စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မေဂျာလိဂ် ပြိုင်ပွဲကလည်း မက်ဆီကို GOAT လို့ ဖော်ပြပြီး သူတို့ပြိုင်ပွဲကို ပရိုမိုးရှင်းဆင်းနေပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုကတော့ မေဂျာလိဂ်ကို ဆော်ဒီပရိုလိဂ်နဲ့ လာနှိုင်းယှဉ်လို့ မရဘူးဘူးလို့ အခိုင်အမာပြောဆိုခဲ့တာပါ။

”ဆော်ဒီလိဂ်က အမေရိကန်မှာထက် အများကြီးပိုကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့်အသင်းက အယ်နာဆာပါ။ ကျွန်တော့်ကြောင့်လည်း ဆော်ဒီလိဂ်က စိတ်ဝင်စားစရာဖြစ်သွားတယ်။ ကျွန်တော်ရောက်မလာခင်က စီးရီးအေဆို ၆ သင်းထဲနဲ့ ပြိုင်တဲ့ပြိုင်ပွဲဖြစ်ပြီး ကျွန်တော်ရောက်လာမှ ပြန်လည်ရှင်သန်လာတာပါ။ ခရစ္စတီယာနိုဘယ်သွားသွား အဲဒီနေရာကို ပိုစိတ်ဝင်စားစရာ ဖြစ်အောင် လုပ်နိုင်ပါတယ်”လို့ စီရော်နယ်ဒိုက ဆက်ဖြေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပီတာကို တစ်ဦးတည်းသောဝန်ကြီးချုပ်လောင်းအဖြစ် ညွန့်ပေါင်းအဖွဲက အမည်စာရင်းပြန်လည်တင်သွင်းမည်
Next post လူအ​ယောက်တစ်​ထောင် မှာ ၁၀ ​ယောက် မပြည့်ပါဘူး အဲ့တွက် ကြောင့် ကိုမ​နောကို အရမ်း ​ကျေးဇူးတင်မိပါသည်ဟုဆိုလာသူ အဆိုတော် ဘဝ