ယူနိုက်တက်အသင်းခေါင်းဆောင် ရာထူးအတွက် ဘရူနိုဖာနန်ဒက်စ် ရေပန်းအစားဆုံးဖြစ်နေ

ဇူလိုင်လ ၁၈ ရက်

ယူနိုက်တက်ဟာ ဟယ်ရီမက်ဂွါရီကို အသင်းခေါင်းဆောင်ရာထူးမှဖယ်ရှားလိုက်တာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရန် ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ယမန်နေ့က အသင်းနည်းပြအဲရစ်တန်ဟက်နဲ့ ဟယ်ရီမက်ဂွါရီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကစားသမားဟာ အသင်းခေါင်းဆောင် လက်ပတ် ထပ်မံဝတ်ဆင်တော့မှာ မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက တန်ဟက်ဟာ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ရာဖေးလ်ဗာရန်းတို့ကိုသာ ဗဟိုခံစစ်မှူးအဖြစ် တွဲဖက်ရန်နှစ်ခြိုက်ခဲ့တာကြောင့် မက်ဂွါရီဟာ နေရာပျောက်ခဲ့ရပြီး အခုအခါ အသင်းခေါင်းဆောင်ရာထူးကပါ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။

မက်ဂွါရီနေရာတွင်အစားထိုးရန် အသင်းခေါင်းဆောင်သစ်အဖြစ်ခန့်အပ်မည့်သူကို မကြာမီကြေညာမယ်လို့ ယူနိုက်တက်ကအတည်ပြုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက မက်ဂွါရီပွဲထွက်ခွင့်မရတဲ့ပွဲစဉ်တွေမှာ ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းခေါင်ဆောင်အသစ်ဖြစ်ဖို့ အလားအလာအရှိဆုံးဖြစ်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဖြစ်လာဖို့ ရေပန်းအစားဆုံး ကစားသမားများစာရင်းမှာ ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မီရို၊ မားကတ်ရက်ရှ်ဖို့ဒ်၊ လီဆန်ဒရိုမာတီနက်ဇ် ၊ ရာဖေးလ်ဗာရန်း၊ တော်မီနေး တို့ အသီးသီးရပ်တည်နေကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်္ဂလာရှိတဲ့ အိမ်ကလေး ဇာတ်လမ်းတွဲမှ သရုပ်ဆောင်များနဲ့ပရိသတ်များတွေ့ဆုံပွဲ ကျင်းပ
Next post ပီတာကို တစ်ဦးတည်းသောဝန်ကြီးချုပ်လောင်းအဖြစ် ညွန့်ပေါင်းအဖွဲက အမည်စာရင်းပြန်လည်တင်သွင်းမည်