ကျိုင်းတုံမြိုကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

ရှမ်းပြည့်အရှေ့ပိုင်း ကျိုင်းတုံမြိုကိုဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နိုဝင်ဘာ (၁၇) ရက် နံနက် (၈) နာရီ၊ (၇) မိနစ်၊ (၁၀) စက္ကန့်အချိန်တွင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဇလဗေဒ က ထုတ်ပြန်အသိပေးသည်။

ကျိုင်းတုံမြေငလျင်စခန်း၏ တိုင်းထွာချက်အရ ကျိုင်းတုံမြို၏အနောက်မြောက်ဘက် (၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို၏ အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၅၀) ဒီဂရီ၊ အနက် (၂၅) ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ဒေသမှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ငလျင် ခပ်ပြင်းပြင်း နှစ်ကြိမ် လှုပ်ခတ်သွားပြီး ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟုဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်မြို့ တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ စတင် ဆောက်နေ
Next post သားလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားလိုက်ပြီဖြစ်တဲ့ ပိုးကြာဖြူခင်