ပြည်မြို့ တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ စတင် ဆောက်နေ

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓပူ ဇနိယပွဲတော်နှင့်(၁၂၄) ကြိမ်မြောက် မြတ်စွယ်တော် ဖွင့်လှစ်၍ မြို့တွင်း သို့ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲတော်ကို (၁၃၈၅)ခုနှစ် တန်ဆောင်မုန်လဆန်း (၈)ရက်l (၂၀.၁၁.၂ဝ၂၃) ရက်မှ (၁၃၈၅)ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၂)ရက် l (၂၉.၁၁.၂၃)ရက် အထိ (၁၀)ရက်တိုင်တိုင်  ဇာတ်သဘင် ဆက်ကပ် စတိတ်ရှိုး စသည့်ပျော်ပွဲ ရွှင်ပွဲ များဖြင့် အစဥ်အလာမပျက် အေးချမ်းသာယာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း အများပြည်သူများ သိစေရန် ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန်(ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း သတင်းသည် သတင်း အမှားသာဖြစ်
Next post ကျိုင်းတုံမြိုကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်