လောက်ကိုင်မှာဖမ်းမိတဲ့ မြီ မိသားစုဝင် ၃ ဦးအနက် ဖခင်ဖြစ်သူ မြီရှောက်ချန်း သူ့ကိုယ်သူလုပ်ကြံသေဆုံး

လောက်ကိုင်မြို့မှာ ဖမ်းမိခဲ့တဲ့ မြီ မိသားစုဝင် ၃ ဦးအနက် ဖခင်ဖြစ်သူ မြီရှောက်ချန်းဟာ ဖမ်းဆီးနေစဉ် မိမိတရားဝင် ကိုင်ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်ဖြင့် သူ့ကိုယ်သူ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ နစက ထုတ်ပြန်ထားတဲ့ သတင်းအရ သိရပါတယ်။


ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုတွေအပါအဝင် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှု အစရှိတဲ့ပြစ်မှုတွေနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ မြီ မိသားစုဝင် ၄ ဦးအနက် မြီရွှေချမ်း (ခ) မြီရှောက်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်းနဲ့ မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ ၃ ဦးကို ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်က လောက်ကိုင်မြို့ကနေ ဖမ်းမိခဲ့တာပါ။

အဲဒီလို ဖမ်းဆီးစဥ်မှာ မြီရွှေချမ်း (ခ) မြီရှောက်ချန်းဟာ ၎င်းတရားမဝင်ကိုင်ဆောင်ထားတဲ့ ပစ္စတိုသေနတ်နဲ့ သူ့ကိုယ်သူ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဥ်မှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ မြီရွှေချမ်း (ခ) မြီရှောက်ချန်းရဲ့ရုပ်အလောင်းကိုတော့ တရုပ်ပြည်ကို ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုသာ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်ရှိတဲ့ ဖမ်းမိခဲ့သူတွေကိုတော့ အရေးယူနိုင်ဖို့ ဒီကနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်မှာ မြန်မာ တရုတ်နယ်စပ်မှာရှိတဲ့ ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ယူနန်ပြည်နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Credit Photo

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပုဂံခေတ်ဝတ်စားဆင်ယင်မှု Evening Gown ကို Miss Universe ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခဲ့သော မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ဝတ်ဆင်ယှဥ်ပြိုင်
Next post ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန်(ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း သတင်းသည် သတင်း အမှားသာဖြစ်