ပုဂံခေတ်ဝတ်စားဆင်ယင်မှု Evening Gown ကို Miss Universe ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခဲ့သော မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ဝတ်ဆင်ယှဥ်ပြိုင်

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ကျင်းပပြုလုပ်နေသော ၇၂ ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက Preliminary မှာ ပုဂံခေတ်ဝတ်စားဆင်ယင်မှုပုံစံနဲ့ ဒီဇိုင်မင်းသက်စံ(Sweet & Smart) ရဲ့ Evening Gown ကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အမရာဗိုလ်က ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်နေသူ အလှမယ် အမရာဗိုလ်ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို မြန်မာနိုင်ငံက ဒီဇိုင်းနာ မင်းသက်စံ(Sweet & Smart)၊ ဒီဇိုင်နာသျှတရ ၊ ဒီဇိုင်နာ နွယ်နီဝင်းမောင် စတဲ့သူတွေက ဖန်တီးပေးထားကြတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေတဲ့ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက ကိုယ်စားပြုအလှမယ်များစွာနဲ့အတူ အလှမယ် အမရာဗိုလ်က ဝင်ရောက်ယှဥ်ပြိုင်​နေတာလည်း ဖြစ်ပါတယ်။ Final Competition ကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ National Gymnasium, San Salvador, El Salvador မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော တရုတ် အပါအဝင် ပြည်ပနိုင်ငံများအား ရှုတ်ချပွဲ မြို့ကြီးများတွင် ယနေ့ ပြုလုပ်
Next post လောက်ကိုင်မှာဖမ်းမိတဲ့ မြီ မိသားစုဝင် ၃ ဦးအနက် ဖခင်ဖြစ်သူ မြီရှောက်ချန်း သူ့ကိုယ်သူလုပ်ကြံသေဆုံး