ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ဝင်တိုက်သည့် PDF အဖွဲ့ဝင် (၂၀)ကျော် သေဆုံး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရှိ ရဲကင်းစခန်းကို လာရောက်တိုက်ခိုက်သည့် PDF အဖွဲ့ဝင် (၂၇)ဦး သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်။ နိုဝင်ဘာလ (၁၅)ရက် နံနက် (၅)နာရီခန့်မှ ညနေ (၄)နာရီအချိန်ခန့်ထိ ဇီးပြားကျေးရွာရှိ ရဲကင်းစခန်းကို PDF ပူးပေါင်း အဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် PDF အလောင်း (၂၇) လောင်း၊ ဒရုန်းအကြီး (၁)စီး၊ ရိုင်ဖယ် (၉)လက်၊ စနိုက်ဘာ (၂) လက်၊ ပြောင်းချော (၁)လက်၊ လက်လုပ်သေနက် (၄)လက်၊ အိုင်ကွန်(၂)လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကိုးကန့်ဒေသအတွင်း အွန်လိုင်းလိမ်လည် ကျူးလွန်သည့် ပယ်ရင်ချန်ကို ဉပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်
Next post မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော တရုတ် အပါအဝင် ပြည်ပနိုင်ငံများအား ရှုတ်ချပွဲ မြို့ကြီးများတွင် ယနေ့ ပြုလုပ်