ရေကြောင်းလုံခြုံရေး၊ပင်လယ်ပြင်လေ့ကျင့်ခန်း ဆောင်ရွက် မည် ဖြစ်သောကြောင့် သတိပေးချက်များ ထုတ်ပြန်

ရေကြောင်း လုံခြုံရေး ပင်လယ်ပြင်လေ့ကျင့် ခန်း(Maritime Security Exercise)ကို ၂၀၂၃ခုနှစ်နိုဝင်ဘာ ၇ ရက်မှ ၉ရက် ကာလအတွင်း လုပ်ဆောင်မည် ဖြစ်သောကြောင့် ရေကြောင်းနှင့်လေကြောင်းဆိုင်ရာ သတိပေးချက်ကို ထုတ်ပြန်ထား သည်။

အဆိုပါ လေ့ကျင့်ခန်းကို ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်တွင် ရေပြင်၊ဝေဟင်၊ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ ပစ်ခတ်ခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းဧရိယာ အဖြစ် POINT A မြောက်လတ္တီတွဒ် ၁၁ဒီဂရီ ၅၁မိနစ် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ၄၀မိနစ်၊ POINT B မြောက်လတ္တီတွဒ် ၁၁ဒီဂရီ ၅၁မိနစ် အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ၄၀မိနစ်၊POINT C မြောက်လတ္တီတွဒ် ၁၂ဒီဂရီ ၅၁မိနစ် အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ၄၀မိနစ်၊POINT D မြောက်လတ္တီတွဒ် ၁၂ဒီဂရီ ၅၁မိနစ် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ၄၀မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာ အား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ကြောင့် လေ့ကျင့်ခန်း ဆောင်ရွက်နေစဉ် ကာလ အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ယင်းဧရိယာမှ ၅ မိုင်ပတ်လည် အား သင်္ဘောကြီး/ငယ်များ ကုန်တင်/စက်လှေများ ငါးဖမ်းသင်္ဘောများ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာ ခြင်း ၊ကျောက်ချရပ်နားခြင်း၊ငါးဖမ်းခြင်း၊ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့်လေယာဉ် ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀အောက် ဖြတ်သန်း ခြင်း မပြုလုပ်ရန် သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ၇ လအတွင်း ရရှိထား
Next post ချစ်သူရဲ့လက်ထပ်ခွင့်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ဖော်ပြလာသော ဝတ်မှုန်ရွှေရည်