မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ၇ လအတွင်း ရရှိထား

ယခုနှစ် ခုနှစ်လကျော်ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံရရှိထားပြီး ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၉ ဘီလီယံနှင့် သွင်းကုန် တင်သွင်းမှုမှ ကန်ဒေါ်လာ ၉၇၇ ဒသမ ၉၄၆ သန်းရရှိထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၄၉ ဘီလီယံရရှိထားပြီး ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးပိုမိုရရှိထားခြင်းဖြစ်သည်။

တရုတ်ဘက်သို့ ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိကြောင်းနှင့် ယင်းအပြင် သွင်းကုန်တင်သွင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာအစရှိသည့် ပစ္စည်းများကိုတရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိူင်းတုံနယ်စပ်ကုန်သွယ်ရေးများ ဖြစ်ပြီး ကုန်သွယ်မှု အများဆုံးပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ
Next post ရေကြောင်းလုံခြုံရေး၊ပင်လယ်ပြင်လေ့ကျင့်ခန်း ဆောင်ရွက် မည် ဖြစ်သောကြောင့် သတိပေးချက်များ ထုတ်ပြန်