ငွေကျပ်သိန်းပေါင်း (၄)သောင်းကျော် ဂုဏ်ပြုချီးမြှင့်ခံရတဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ

နိုဝင်ဘာလ ၃ ရက်

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲဝင်များ ငွေကျပ်သိန်းပေါင်း (၄)သောင်းကျော် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရကြောင်း သိရပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အလှူရှင်များက ယမန်နေ့ နိုဝင်ဘာလ ၂ ရက်တွင်ဂုဏ်ပြုပေးအပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုသို့ ပေးအပ်ရာ၌ နေပြည်တော်ရှိ အလှူရှင် ၃၅ ဦးက ငွေကျပ် ၂၁၉၈၄ သိန်း၊ ရန်ကုန်တိုင်းမှ အလှူရှင်၊ စေတနာရှင် ၉၉ ဦးက ငွေကျပ် ၁၁၂၇၃ သိန်းကျော်၊ ဧရာဝတီတိုင်းမှ အလှူရှင် ၂၇ ဦးက ငွေကျပ် ၇၈၁ သိန်း၊ မန္တလေးတိုင်းမှ အလှူရှင် ၁၃၆ ဦးက ငွေကျပ် ၆၁၀၀ သိန်းနှင့် မကွေးတိုင်းရှိ အလှူရှင် ၁၃ဦးကလည်း ငွေကျပ်သိန်း ၂၀၀၀ တိုကို အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြောင်းသိရပါတယ်။

ထိုသို့ အလှူရှင်များ၏ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်မှုကို တာဝန်ရှိသူများက လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြားပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss International 2023 တွင် မြန်မာအလှမယ် အိအိမြင့်အောင်သိန်း Top 17 နေရာအထိ ပါဝင်
Next post ဟာလန်းရဲ့ ဒုတိယအကြိမ် အိပ်မက်က ဘာဖြစ်မလဲ