ဟာလန်းရဲ့ ဒုတိယအကြိမ် အိပ်မက်က ဘာဖြစ်မလဲ

နိုဝင်ဘာလ ၃ ရက်

၂၀၂၃ခုနှစ်အတွက် ဘလွန်းဒီ​အောဆု​ပေးပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အောက်တိုဘာလ ၃၀ ရက်​နေ့ညက ကျင်းပခဲ့ရာ လီယွန်နယ်မက်ဆီက အ​ကောင်းဆုံးကစားသမားဆု၊ အာလင်းဟာလန်းက ဒုတိယအ​ကောင်းဆုံး ကစားသမားဆု​တွေကို ဆွတ်ခူးရရှိသွားပါတယ်။

ဒါ့အပြင် ဥ​ရောပရပ်ဝန်းမှာ ကလပ်နဲ့နိုင်ငံအတွက် တစ်နှစ်တာသွင်းဂိုးအများဆုံး ကစားသမားကိုချီးမြှင့်တဲ့ Gerd Muller Trophy ကိုလည်း ဟာလန်းပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါဆုရရှိပြီး​နောက် ​နော်​ဝေးနဲ့ မန်စီးတီးတိုက်စစ်မှူးရဲ့ ဝမ်းသာစကားမှာ…

”ဒီဆုဟာ အလွန်ခမ်းနားတဲ့ ဂုဏ်ပြုမှုပါ။ မနှစ်က ကျွန်​တော်သွင်းယူခဲ့သမျှ သွင်းဂိုး​တွေဟာ အသင်း​ဖော်​တွေရဲ့အကူအညီမပါဘဲ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါ​ကြောင့်မို့ ဒီဆုဟာ ကျွန်​တော်တို့ အတူတကွဖြတ်သန်းခဲ့တဲ့ အံ့အားသင့်ဖွယ်ရာသီကို အမှတ်ရ​စေပါတယ်”

”ကျွန်​တော်တို့ဟာ ကစားရတဲ့ ပွဲစဉ်တိုင်းကိုအနိုင်ရရှိဖို့၊ ဝင်ပြိုင်ရတဲ့ ဆုဖလားတိုင်းကို သိမ်းပိုက်နိုင်ဖို့ ​နေ့စဉ်​နေ့တိုင်း အားထုတ်ကြိုးပမ်းကြပါတယ်။ ဒါ​ပေမယ့် အသင်းသမိုင်းတစ်​လျှောက် ပထမဆုံး UCL အပါအဝင် PL နဲ့ FA ဖလား တစ်နှစ်အတွင်းသိမ်းပိုက်နိုင်ဖို့ ကျွန်​တော်တို့​တွေ စိတ်​​တောင်မကူးရဲဖူးဘူး”

”မနှစ်က အသင်းလိုက်စွမ်း​ဆောင်မှုအတွက် ကျွန်​တော်ဂုဏ်ယူပါတယ်။ ကျွန်​တော်တို့ရဲ့ အခုရည်မှန်းချက်ကလည်း ဒီနှစ်မှာ ထပ်မံလုပ်ပြနိုင်ဖို့ပါ”ဆိုပြီး treble champions ထပ်ဖြစ်ဖို့ စိတ်အားထက်သန်​နေ​ကြောင်း ​ပြောကြားသွားခဲ့တယ်။

ဒါဆိုရင် ဟာလန်းဟာ တစ်ဦးချင်းဆုတံဆိပ်ထက် အသင်းလိုက်​အောင်မြင်မှု​တွေကို ပိုမိုအာရုံထား​ကြောင်း သိနိုင်တယ်။ မက်ဆီ၊ ​ရော်နယ်ဒို​ခေတ်လွန်မှာ သူနဲ့ဘာ​ပေဟာ ​ဘောလုံး​လောကကိုဦး​ဆောင်နိုင်ဖို့ အ​ခြေအ​နေ​ကောင်းဆုံး ကစားသမား​တွေပါ။

ဤသို့ဆိုလျှင် အသင်းလိုက်အ​ခြေအ​နေ​ကောင်းတာနဲ့ ဒုတိယအကြိမ် treble champions အိပ်မက်အပြင် ဘလွန်းဒီ​အောအိပ်မက်ပါ ဟာလန်းမက်လို့ရနိုင်ပါ​သေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငွေကျပ်သိန်းပေါင်း (၄)သောင်းကျော် ဂုဏ်ပြုချီးမြှင့်ခံရတဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ
Next post ( ၇၂ ) ကြိမ်မြောက် Miss Universe 2023 Stage Design နှင့် Ticket စျေးနှုန်းများ တရားဝင် ထွက်ပေါ်