( ၇၂ ) ကြိမ်မြောက် Miss Universe 2023 Stage Design နှင့် Ticket စျေးနှုန်းများ တရားဝင် ထွက်ပေါ်

( ၇၂ ) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် Miss Universe 2023 ပြိုင်ပွဲကြီးရဲ့ Stage Design နှင့် Ticket စျေးနှုန်းများ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အယ်လ်ဆာဗေးဒေါနိုင်ငံ၌ နိုဝင်ဘာလ ( ၄ ) ရက်မှ ( ၁၈ ) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် Miss Universe 2023 ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း ( ၈၆ ) နိုင်ငံမှ ကိုယ်စားပြုအလှမယ်များစွာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး Final Competition ကိုတော့ နိုဝင်ဘာလ ( ၁၈ ) ရက်နေ့တွင် National Gymnasium, San Salvador, El Salvador ၌ ကျင်းပသွားမည် ဖြစ်ပါသည်။

ယခုနှစ်ရဲ့ Stage design ဟာ ၂၀၁၈ ခုနှစ်က ပုံစံနဲ့ အလားတူ ( X ) ပုံသဏ္ဍာန်ရှိပါတယ်။ ဒါ့အပြင် ပရိသတ်များအကြားမှာ အပြောများနေတဲ့ကိစ္စတစ်ခုကတော့ Ticket စျေးနှုန်းများဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀ မှ ၂၀၀၀ အထိ ( မြန်မာငွေ ၁၇ သိန်းခန့်မှ သိန်း ၇၀ အတွင်း ) ရှိနေတဲ့အကြောင်းအရာဘဲ ဖြစ်ပါတယ်။

ဒါ့အပြင် Preliminary and Final Competition များကို ယခင်နှစ်များလို Youtube မှ အခမဲ့ ကြည့်ရှုနိုင်တော့မည်မဟုတ်ဘဲ Online Payment ဖြင့် ဝယ်ယူပြီးမှသာ ကြည််ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးတွင် အမိမြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ” အမရာဗိုလ် ” မှ ဝင်ရောက်ယှဥ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဟာလန်းရဲ့ ဒုတိယအကြိမ် အိပ်မက်က ဘာဖြစ်မလဲ
Next post ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ(၁၃) ကြိမ်မြောက် မဟာဘုံကထိန်လှူဒါန်း